သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးသရုပ်ဆောင်တဦး အကောင်းဆုံးဇာတ်ဆောင်ရွှေမြင်းဆုရ   


အသက် ၁၂ နှစ် အရွယ် မင်းသမီးငယ်လေး Audrey Lin
အသက် ၁၂ နှစ် အရွယ် မင်းသမီးငယ်လေး Audrey Lin

ထိုင်ဝမ်မှာကျင်းပသွားတဲ့ အကြိမ် ၆၀ မြောက် ရွှေမြင်းဆုချီးမြှင့်ပွဲမှာ အသက် ၁၂ နှစ် အရွယ် မင်းသမီးငယ်လေးက အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု ရရှိသွားပါတယ်။ ဩစတေးလျနိုင်ငံမှာ မွေးဖွားပြီး ထိုင်ဝမ်မှာ ကြီးပြင်းတဲ့ ဩဒြေလင်းဟာ Golden Horse Awards ရွှေမြင်းဆုချီးမြှင့်ပွဲကျင်းပတဲ့ သက်တမ်းတလျှောက် ခေါင်းဆောင်သရုပ်ဆောင် ဆုရရှိသူတွေထဲ အသက် အငယ်ဆုံးဖြစ်ပါတယ်။ အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုကိုတော့ မင်းသား ဝူကန်ရန်က ရရှိသွားပါတယ်။ ဆုလက်ခံရယူရင်း မင်းသား ဝူက

“ကျွန်တော့်ဆရာ ဒါရိုက်တာ လီချီယန်းကို ကျေးဇူးတင်ချင်ပါတယ်။ သူက ကျွန်တော့်ကို တခါပြောဖူးပါတယ်။ ကိုယ့်ဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့သူတွေ အများကြီးရှိတယ်။ အဲဒီထဲကမှ သူများကို ကူညီပေးနိုင်သူကရှားပါတယ်လို့ သူ့ကိုဆုံးမခဲ့ကြောင်း ပြောပါတယ်။ ကျွန်တော်က ကျွန်တော့ကို သင်ပြပေးခဲ့တဲ့ သူငယ်ချင်း မင်းသမီး စင်ဂျီလို ဖြစ်ချင်ပါတယ်။ သူပေးခဲ့တဲ့ အတွေ့အကြုံမျိုးနဲ့ သူများတွေကို ဝေမျှပေးချင်ပါတယ်” လို့ ပြောသွားပါတယ်။

အသက် ၁၂ နှစ် ပဲ ရှိသေးတဲ့ မင်းသမီးလေး လင်းကတော့ “Trouble Girl” ပြဿနာတွေနဲ့ ကောင်မလေး ဆိုတဲ့ ရုပ်ရှင်ကားနဲ့ ဆုရရှိသွားတာပါ။ သူက ဂနာမငြိမ်၊ အာရုံစူးစိုက်နိုင်စွမ်း ချို့တဲ့တဲ့ ADHD ရောဂါရှိတဲ့ ကလေးမလေးတဦးအဖြစ် သရုပ်ဆောင်တာ ဖြစ်ပါတယ်။ သူက ဒီဇာတ်ရုပ်အတွက် သေချာလေ့လာ ပြင်ဆင်ခဲ့တာပါ။

“အာရုံစူးစိုက်နိုင်စွမ်း ချို့တဲ့တဲ့ ADHD ကလေးတွေနဲ့ ပတ်သတ်တဲ့စာအုပ်တွေ ဖတ်ခဲ့ပါတယ်။ ရုပ်ရှင်တွေ ကြည့်ပါတယ်။ တကယ် ADHD ဖြစ်နေတဲ့ ကလေးတွေနဲ့လည်း တွေ့ကြည့်ပါတယ်။ အိမ်မှာနေရင်း ဒီတိုင်း လုပ်စရာတွေလုပ်နေရင်းနဲ့လည်း Hsiao-hsiao ရှောင့်ရှောင်ဆို ဘာလုပ်နေမလဲ .. သူဘယ်လို လုပ်မလဲဆိုတာကို စဉ်းစားကြည့်ပါတယ်” လို့ မင်းသမီးလေးလင်းက ပြောသွားပါတယ်။

အကောင်းဆုံးဇာတ်ကားဆုကိုတော့ ဒါရိုက်တာ ဝှမ်းဂျီရိုက်ကူးတဲ့ “Stonewalling” ကျောက်သားတံတိုင်းထဲမှာ ဆိုတဲ့ ကားက ရရှိပြီး အကောင်းဆုံးဒါရိုက်တာဆုကိုတော့ ရှောင် ယ-ချွမ် Hsiao Ya-chuan က ရရှိသွားပါတယ်။

XS
SM
MD
LG