သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းကို တရားမဝင်လာတဲ့ မြန်မာတွေ အလုပ်အကိုင်အခက်အခဲနဲ့ ဖမ်းခံရမှုတွေ ကြုံနေရ


တရားမဝင်လာရောက်သူ မြန်မာ ၁၉ ဦး ရနောင်းမြို့အနီးမှာ ထိုင်းစစ်တပ်ကဖမ်းဆီး (အောက်တိုဘာ ၃၊ ၂၀၂၃)
တရားမဝင်လာရောက်သူ မြန်မာ ၁၉ ဦး ရနောင်းမြို့အနီးမှာ ထိုင်းစစ်တပ်ကဖမ်းဆီး (အောက်တိုဘာ ၃၊ ၂၀၂၃)

ထိုင်းနိုင်ငံအတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး လူကုန်ကူးသူတွေနဲ့လာတဲ့မြန်မာတွေ တပတ်အတွင်း လူ၁၅၀ နီးပါးရှိသလို နေ့စဉ်လည်း ဝင်ရောက်လာနေဆဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲရောက်တော့အဖမ်းခံရတာအလုပ်မရတဲ့ပြသနာတွေကို မြန်မာတွေကြုံနေရတယ်လို့အလုပ်သမားရေးဆောင်ရွက်နေသူတွေကပြောပါတယ်။​ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအတွင်းတာ့ခရိုင်အပါအဝင်ခရိုင်အသီးသီးကနေ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့မြန်မာတွေ တပတ်အတွင်း ၁၅၀ လောက်ရှိတယ်လို့ မြန်မာပြည်သားမျာအရေးပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ ဥက္ကဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

"တပတ်အတွင်းမှာမဲဆောက်နယ်နမိတ်နဲ့တာ့ခရိုင်အတွင်း တရားမဝင်ဝင်ရောက်လာတဲ့မြန်မာ ၆၉ဦးကိုလုံခြုံရေးအဖွဲ့တွေကဖမ်းမိသလို တခြားသော ဒေသတွေက ခရိုင်တွေက တရားမဝင်မြန်မာ ၇၈ ဦးကဖမ်းမိတာကြောင့် တပတ်အတွင်းမှာ ၁၄၇ဦးကို ဒေသဆိုင်ရာလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းမိတယ် အားလုံး ၁၅၀ဝန်းကျင်ပေါ့နော်"

အခုလိုဖမ်းမိတဲ့ပုံစံမျိုးမကြာခဏ အစုလိုက်အပြုံလိုက်ဖမ်းမိတာတွေလည်းရှိနေတာပါ။ မကြာသေးခင်ကပဲ ဓါတ်မြေဩဇာအိတ်တွေကြားမှာ ပုန်းဝှက်ပြီးလိုက်ပါလာတာ၊ ဟင်းသီးဟင်းရွက်ကားတွေထဲ အံဝှက်လုပ်လိုက်ပါလာတာတွေလည်းမကြာခဏရှိနေပါတယ်။ လူကုန်ကူးသူတွေကို အခကြေးငွေပေးပြီး တရားမဝင်နည်းနဲ့ ထိုင်းနိုင်ငံထဲလာနေကြသလို တရားဝင် MOU စနစ်တွေနဲ့ လာကြတာတွေလည်းရှိနေပါတယ်။ တရားဝင်စနစ်နဲ့လာတာတောင် အလုပ်တွေမရတာ စာချုပ်တဲ့အလုပ်နဲ့ ရတဲအ့လုပ်မတူတာတွေေကြောင့် ပြသနာတွေကြုံနေရတယ်လို့လည်း အလုပ်သမားရေးလှုပ်ရှားသူကိုရဲမင်းကလည်းပြောပါတယ်။

"တရားမဝင်လမ်းကဝင်တာကိုလည်း ကျနော်တို့ကလုံး၀အားမပေးဘူး လူမှောင်ခိုကူးခံရတဲ့အခြေအနေတွေ အများကြီးနီးစပ်တယ်၊ တရားဝင် MOU စနစ် ကျပြန်တော့လည်း တရားဝင် လူကုန်ကူးနေသလိုပဲ အလုပ်သမားတွေကို MOU နဲ့ပို့လိုက်တယ် ထိုင်းနယ်စပ်ချစ်ကြည်ရေးတံတားကနေ ပို့လိုက်တယ် ဒါပေမယ့် ထိုင်းထဲရောက်တော့အလုပ်အကိုင်မရှိဖြစ်တယ် ဒုက္ခတွေရောက်တယ်၊ ပို့တဲ့နေရာနဲ့ နေရာမမှန်တော့လည်း ပြသနာတွေဖြစ်လို့ကျနော်တို့က နေ့စဉ်လိုလို MOU ပြသနာတွေဖြေရှင်းပေးနေရတယ်"

အခုဆိုရင်မြန်မာနိုင်ငံရေး စီးပွားရေးအကြပ်အတည်းတွေအောက်မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မူတွေကအများအပြားရှိနေတာပါ ။

ထိုင်းနိုင်ငံထဲမှာတရားဝင်ကော တရားမဝင်ပါ မြန်မာ ၆သန်းလောက်ထိရှိနိုင်တယ်လို့အလုပ်သမားရေးလှုပ်ရှားသူတွေက ခန့်မှန်းနေကြပြီး တရားဝင်အထောက်အထားလုပ်သူတွေကတော့ တသန်းခဲွကျော်လောက်ပဲရှိတယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့တရားဝင် အထောက်အထားတွေအရသိရှိရပါတယ်။

XS
SM
MD
LG