သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်ဖို့ တရုတ်စစ်သင်္ဘော ၃ စီး မြန်မာကိုရောက်


တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာ
နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ-၂၈
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာ နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ-၂၈

တရုတ်-မြန်မာ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသတွင်း နိုင်ငံတွေအကြား ဆက်ဆံရေး မပြေလည်မှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ တရုတ် ရေတပ်သင်္ဘောသုံးစင်းဟာ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးပူးတွဲလေ့ကျင့်ရေးအတွက် နိုဝင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းကို ရောက်လာတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီသင်္ဘောတွေသီလဝါဆိပ်ကမ်းကို ရောက်လာချိန်ဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နှက်ကိုင်တွေအကြား ပဋိပက္ခဖြစ်နေတဲ့ တရုတ်-မြန်မာနယ်စပ်တလျှောက်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေချိန်လည်း ဖြစ်ပါတယ်။

အခုရောက်လာတဲ့ သင်္ဘောတွေထဲကတော့ ဖျက်သင်္ဘော Zi Bo၊ ဖရီးဂိတ်စစ်ရေယာဉ် Jing Zhou နဲ့ ထောက်ပံ့ရေးစစ်ရေယာဉ် Qian Dao Hu တို့ဖြစ်ပါတယ်။ ဘယ်အချိန်မှာ စစ်ရေးလေ့ကျင့်မှုတွေ စတင်မယ်ဆိုတာကို အသေးစိတ်ဖော်ပြမထားပေးမဲ့ ဒီသင်္ဘောတွေပေါ်မှာ သင်္ဘောသား ၇၀၀ လောက်ကို တင်ဆောင်လာတယ်လို့လည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်ဖို့ တရုတ်စစ်သင်္ဘော ၃ စီး မြန်မာကိုရောက် (နိုဝင်ဘာ ၂၇၊ ၂၀၂၃)
မြန်မာနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်ဖို့ တရုတ်စစ်သင်္ဘော ၃ စီး မြန်မာကိုရောက် (နိုဝင်ဘာ ၂၇၊ ၂၀၂၃)

စစ်ကောင်စီဘက်ကတော့ ဒီသင်္ဘောတွေဟာ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ဖို့နဲ့ ချစ်ကြည်ရေးခရီးလည်ပတ်ဖို့ ရောက်ရှိလာတာလို့ ပြောပါတယ်။

တရုတ်ဟာ စစ်ကောင်စီရဲ့ အဓိက မိတ်ဖက်နိုင်ငံဖြစ်သလို၊ မြန်မာစစ်တပ်ကို အဓိက စစ်လက်နှက်ထောက်ပံ့ပေးနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကိုတော့ အားပေးထောက်ခံဖို့ ငြင်းဆိုထားသလို၊ ရှမ်းမြောက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ထုတ်ဖော်ပြောဆိုထားပါသေးတယ်။

ဒီလဆန်းပိုင်းတုန်းကလည်း ရုရှားစစ်သင်္ဘော(၃)စင်းကလည်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ-ရုရှားရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ဖို့ မြန်မာနိုင်ငံကို ရောက်လာပါသေးတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG