သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကပ္ပလီပင်လယ်ထဲမျှောနေတဲ့ ရိုဟင်ဂျာလှေ ၂ စီးကို အမြန်ဆုံးကယ်ပေးဖို့ ကုလတောင်းဆို

အင်ဒိုနီးရှားပြည်နယ် အာချေးပြည်နယ်ကို လှေနဲ့ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို ဒေသခံအသိုင်းအဝိုင်းက ယာယီကမ်းကပ်ခွင့်ပေးဖို့ ဆုံးဖြတ်အပြီးတွေ့ရစဉ် (နိုဝင်ဘာ ၁၆၊ ၂၀၂၃)
အင်ဒိုနီးရှားပြည်နယ် အာချေးပြည်နယ်ကို လှေနဲ့ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို ဒေသခံအသိုင်းအဝိုင်းက ယာယီကမ်းကပ်ခွင့်ပေးဖို့ ဆုံးဖြတ်အပြီးတွေ့ရစဉ် (နိုဝင်ဘာ ၁၆၊ ၂၀၂၃)

ခန့်မှန်းခြေ ရိုဟင်ဂျာ ၄၀၀ လောက် လိုက်ပါလာတယ်လို့ ယူဆထားတဲ့ စက်လှေ ၂ စင်း ကပ္ပလီပင်လယ်ပြင်မှာ စားနပ်ရိက္ခာ အလုံအလောက်မရှိပဲ မျောနေတာကို အချိန်မီမကယ်နိုင်ရင် သေကုန်လိမ့်မယ်လို့ ကုလသမဂ္ဂနဲ့ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေ သတိပေးနေပါတယ်။ ကလေးတွေနဲ့ အမျိုးသမီး၊ အမျိုးသား ၄၀၀ လောက်ဟာ သေဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) ဘန်ကောက်ရုံး ပြောခွင့်ရ Babar Baloch က AP သတင်းဌာနကို ပြောခဲ့တာပါ။

ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့ စက်လှေတွေရဲ့ တည်နေရာ အတိအကျကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ခွာလာတယ်လို့ ခန့်မှန်းရတဲ့ စက်လှေတွေဟာ ပင်လယ်ထဲမှာ သီတင်း ၂ ပတ်လောက် ရှိနေပြီလို့ သတင်းတွေရထားကြောင်းလည်း UNHCR ပြောခွင့်ရက ပြောပါတယ်။ AP သတင်းဌာနက ဆက်သွယ်နိုင်ခဲ့တဲ့ စက်လှေတစင်းက ကပ္ပတိန်ကတော့ လူ ၁၈၀ ကနေ ၁၉၀ လောက်အထိ လိုက်ပါလာတဲ့ သူ့စက်လှေပေါ်မှာ အစားအစာ ပြတ်လပ်နေပြီး အင်ဂျင်စက်လည်း ပျက်နေတယ်လို့ ဆိုပါတယ်။

အကူအညီမရရင် စက်လှေမှာပါတဲ့သူတွေ သေကုန်မှာ စိုးရတယ်လို့လည်း Maan Nokim ဆိုသူ ကပ္ပတိန်ကို ကိုးကားပြီး သတင်းက ဖော်ပြခဲ့တာပါ။ တနင်္ဂနွေနေ့တုန်းကတော့ သူတို့စက်လှေဟာ ထိုင်းနိုင်ငံ အနောက်ဖက် ကမ်းလွန် မိုင် ၂၀၀ အကွာလောက်မှာ ရောက်နေတယ်လို့လည်း ပြောပေမဲ့ ထိုင်းရေတပ် တာဝန်ရှိသူကတော့ ဘာသတင်းမှ မရဘူးလို့ တနင်္လာနေ့တုန်းကပဲ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG