သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ လူကုန်ကူးသူတွေကြောင့် အင်ဒိုနီးရှားကိုရောက်လာ (သမ္မတ ဂျိုကိုဝီဒိုဒို)


အင်ဒိုနီးရှားနိုင်ငံ အာချေ့ဒေသကို စက်လှေတစင်းနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ အာချေ့ဒေသကို စက်လှေတစင်းနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပင်လယ်ပြင်ကိုဖြတ်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အများအပြား အင်ဒိုနီးရှားနိုင်ငံကို ရောက်လာနေပြီး ဒီ ဒုက္ခသည်တွေ ရောက်လာတဲ့ နောက်ကွယ်မှာ လူကုန်ကူးမှုတွေ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိတဲ့အကြောင်း အင်ဒီနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပင်လယ်ပြင်ကို ဖြတ်ပြီး လှေတွေနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀၀ ကျော် ရှိပြီး ဒုက္ခသည် ပြသနာကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အင်ဒိုနီးရှားနိုင်ငံက ကြိုးစားနေပါတယ်။

ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ သူတို့ကို ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆန်နေတဲ့ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်က ၂၀၁၇ ခုနှစ် စစ်တပ်နယ်မြေရှင်းလင်းမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံခဲ့သူတွေ ဖြစ်ပါတယ်။ ဒီ ဒုက္ခသည်တွေ အင်ဒိုနီးရှားနိုင်ငံကို တသုတ်ပြီး တသုတ် လှေတွေနဲ့ ရောက်လာနေပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ အများဆုံးရောက်လာတာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီအတောအတွင်း အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် မှာလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တချို့ပေါ်ပေါက်နေပြီး လက်မခံဖို့ ကန့်ကွက်တာတွေ ရှိလာနေပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည် ၃၅၀၀ ကျော် အရှေ့တောင်အာရှနိုင်ငံတွေကို အရဲစွန့် ထွက်ခွာခဲ့ကြပြီး အဲဒီအထဲက ၃၅၀ နီးပါး ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG