သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာအိုရဲ့ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် မြန်မာခရီးစဉ်စတင်


လာအိုရဲ့ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် မြန်မာခရီးစဉ်အတွင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွေ့ဆုံ (ဇန်နဝါရီ ၁၀၊ ၂၀၂၄)
လာအိုရဲ့ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် မြန်မာခရီးစဉ်အတွင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွေ့ဆုံ (ဇန်နဝါရီ ၁၀၊ ၂၀၂၄)

ဇန်နဝါရီ ၁ ရက်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာတဲ့ လာအိုနိုင်ငံက မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတဲ့ မစ္စတာ Alounkeo Kittikhoun ကို စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စေလွှတ်လိုက်ပါတယ်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌသစ် ဖြစ်တဲ့ လာအိုနိုင်ငံအနေနဲ့ အရင် အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့စာရင် မြန်မာစစ်ကောင်စီနဲ့ ပိုပြီး ထိတွေ့ ဆက်ဆံရေးကို လိုလားတယ်လို့ အကဲခတ်တွေက လက်ခံထားကြတာကြောင့် လာအိုအနေနဲ့ မြန်မာ့အရေး တိုးတက်မှုရှိလာအောင် ဘယ်လောက်အထိ လုပ်ဆောင်နိုင်မလဲဆိုတာကို စောင့်ကြည့်နေကြမှာ ဖြစ်ပေမဲ့ တစုံတရာ တိုးတက်မှုရှိအောင် လုပ်နိုင်ဖို့ဆိုတာကို အများက မျှော်လင့်ချက် သိပ်ထားတာ မတွေ့ရပါဘူး။

ဒါပေမဲ့လည်း အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖေါ်ရေးအတွက် ဆက်လက် တာဝန် ယူသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Alounkeo Kittikhoun ပြောဆိုတာကို ကိုးကားပြီး သတင်းတွေမှာ ရေးသားကြပါတယ်။

မြန်မာနိုင်ငံမှာ သောကြာနေ့အထိ ရှိနေမယ့် မစ္စတာ Alounkeo Kittikhoun ဟာ NCA-S EAO တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

Alounkeo Kittikhoun ဟာ တချိန်က ဝန်ကြီးချုပ်ရုံးရဲ့ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်သလို၊ ကုလသမဂ္ဂဆိုင်ရာ လာအိုသံအမတ်ကြီး တာဝန်အပြင် ဒုတိယနိုင်ငံခြားရေးဝန်ကြီး တာဝန်တွေကိုလည်း အချိန်အတော်ကြာ ထမ်းဆောင်ဖူးသူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု အကြပ်အတည်းတွေ ပိုကြီးထွားလာပြီး စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေချိန်မှာ လာအိုနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ရယူတာဖြစ်ပါတယ်။

လာအိုရဲ့ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် မြန်မာခရီးစဉ်စတင်
please wait

No media source currently available

0:00 0:01:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG