သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"အာဆီယံအနေနဲ့ မြန်မာ့အရေးကူညီဖို့ အသင့်ရှိသင့်" - ဖိလစ်ပိုင်သမ္မတ

ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ အကြိမ် ၅၀ မြောက် အာဆီယံ-ဂျပန် ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးမှာတွေ့ရတဲ့ ဖိလစ်ပိုင် သမ္မတ Ferdinand Marcos, Jr. (ဒီဇင်ဘာ ၁၇၊ ၂၀၂၃)
ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ အကြိမ် ၅၀ မြောက် အာဆီယံ-ဂျပန် ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးမှာတွေ့ရတဲ့ ဖိလစ်ပိုင် သမ္မတ Ferdinand Marcos, Jr. (ဒီဇင်ဘာ ၁၇၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး မတည်ငြိမ်မှုတွေနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေနဲ့ ကူညီဖို့ အသင့်ရှိသင့်တယ်လို့ ဖိလစ်ပိုင် သမ္မတ Ferdinand Marcos, Jr. က ပြောပါတယ်။

ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ အကြိမ် ၅၀ မြောက် အာဆီယံ-ဂျပန် ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးမှာ သမ္မတ Marcos, Jr. က ပြောသွားတာပါ။ မြန်မာနိုင်ငံဟာ အာဆီယံရဲ့ အဖွဲ့ဝင်ဖြစ်နေဆဲပဲလို့လည်း သူက အလေးအနက် ပြောသွားပါသေးတယ်။

ပိုမိုဆိုးရွားလာနေတဲ့ အကြမ်းဖက်မှုနဲ့ မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တာကို အသိအမှတ်မပြုဘဲနဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆွေးနွေးလို့ မရပါဘူးလို့လည်း သူက ပြောထားပါသေးတယ်။

လက်ရှိဆွေးနွေးပွဲတွေမှာ မြန်မာဘက်က တက်ရောက်ခွင့် မရပေမဲ့၊ အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာ့အရေးကို ၂၀၂၁ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အချက် ၅ ချက်ပါတဲ့ အာဆီယံ ဘုံသဘောတူညီချက်အရ အာဆီယံအနေနဲ့ အဆင်သင့်ရှိနေသလို၊ ကုလသမဂ္ဂနဲ့အတူ အာဆီယံရဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ညှိနှိုင်းရေးစင်တာကလည်း အကူအညီပေးဖို့ အဆင်သင့်ရှိတယ်လို့ လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကတော့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ အာဆီယံအဖွဲ့ဝင်တွေရဲ့ တောင်းဆိုမှုကို မြန်မာနိုင်ငံဘက်က ပယ်ချခဲ့ပြီး၊ ဒီတောင်းဆိုမှုတွေဟာ တဖက်သက်ဖြစ်နေတဲ့ ဘက်လိုက်မှုတွေ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ ဖိလစ်ပိုင်ဟာ မြန်မာနိုင်ငံကိုယ်စား ၂၀၂၆ မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌနေရာကို လွှဲပြောင်း ရယူမှာ ဖြစ်ပါတယ်။

"အာဆီယံအနေနဲ့ မြန်မာ့အရေးကူညီဖို့ အသင့်ရှိသင့်" - ဖိလစ်ပိုင်သမ္မတ
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG