သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကန်နဲ့ ကမ္ဘောဒီးယားတို့ဆွေးနွေး


အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြာရေးဝန်ကြီးများအစည်းအဝေးပွဲအတွင်း ကိုယ်စားပြုတက်ရောက်ခြင်းမရှိတဲ့ မြန်မာနိုင်ငံအတွက် ထိုင်ခုံလွတ်ကိုတွေ့ရစဉ် (ဇူလိုင် ၁၁၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြာရေးဝန်ကြီးများအစည်းအဝေးပွဲအတွင်း ကိုယ်စားပြုတက်ရောက်ခြင်းမရှိတဲ့ မြန်မာနိုင်ငံအတွက် ထိုင်ခုံလွတ်ကိုတွေ့ရစဉ် (ဇူလိုင် ၁၁၊ ၂၀၂၃)

အမေရိကန်နဲ့ ကမ္ဘောဒီးယားက တာဝန်ရှိသူတွေဟာ မြန်မာ့အရေးဖြေရှင်းရာမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိရေးနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေအတွက် အဖြေရှာနိုင်မယ့် နည်းလမ်းတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။

ဖနွမ်းပင်မြို့ အမေရိကန်သံရုံးက ကြီးမှူးကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ ဆက်ပြီးဖြစ်နေတဲ့ ပြဿနာတွေ ပြေလည်ရေး အဖြေရှာဖို့ အမေရိကန်နဲ့ ကမ္ဘောဒီးယားတာဝန်ရှိသူတွေ ဆွေးနွေးခဲ့တာပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ အကြမ်းဖက်မှုတွေကိုရပ်တန့်ပြီး အာဆီယံနဲ့ အပြုသဘောဆောင်တဲ့ ပုံစံနဲ့ လက်တွဲဆောင်ရွက်ဖို့ သွားဖို့စတာတွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Melissa Brown ကပြောပါတယ်။

မြန်မာနိုင်ငံ အကြပ်အတည်းနဲ့ ပတ်သက်လို့ The Post သတင်းစာရဲ့ မေးမြန်းချက်ကို ဖြေကြားတာမှာတော့ မြန်မာနိုင်ငံ ရဲ့ လက်ရှိအခြေအနေတွေဟာ ရှုပ်ထွေးနေပြီး ပြဿနာပြေလည်ရေး အဖြေရှာဖို့ နိုင်ငံတကာနဲ့ တခြားအဖွဲ့အစည်းတွေရဲ့ အကူအညီတွေလိုအပ်သလို၊ အာဆီယံနဲ့ ကုလသမဂ္ဂတို့အပြင် တနိုင်ငံချင်းစီက အရေးယူဆောင်ရွက်မှုတွေလိုအပ်တယ်လို့ Brown ကပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီသွားမယ့်အကြောင်းနဲ့ ရှေ့ဆက်စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာ ဆက်ပြီးဆွေးနွေးသွားမယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခတွေ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေကြောင့် အရပ်သားတွေ နေရပ်စွန့်ခွါထွက်ပြေးနေကြရတဲ့ အပေါ်စိုးရိမ်တဲ့အကြောင်းလည်း အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေက နိုဝင်ဘာလနှောင်းပိုင်းက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG