သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာပဋိပက္ခကြားက ကလေးငယ်တွေကူညီဖို့ ဒေါ်လာ ၂၀၈ သန်းလိုအပ် (UNICEF)


ကရင်ပြည်နယ်ထဲက ဒုက္ခသည်စခန်း (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၂)
ကရင်ပြည်နယ်ထဲက ဒုက္ခသည်စခန်း (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၂)

မြန်မာနိုင်ငံမှာ ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရတဲ့ ကလေးငယ်တွေကို ပံ့ပိုးကူညီဖို့အမေရိကန်ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေတဲ့အကြောင်း ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က သတင်းထုတ်ပြန်ထားပါတယ်။ စစ်တပ် အာဏာသိမ်းပြီးသုံးနှစ်နီးပါးအကြာ အရပ်သားတွေ နေရပ်နှင့်အိုးအိမ်စွန့်ခွာထွက်ပြေးရတာ၊ စီးပွားရေးကျဆင်းတာ၊ အခက်အခဲတွေ ကြုံတွေ့နေရတဲ့ကျန်းမာရေးစနစ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း အမြောက်အများဆုံးရှုံးရတာ စတဲ့ ပဋိပက္ခတွေ မကြုံစဖူး မြင့်တက်လာနေတာကို UNICEF အဖွဲ့က ထောက်ပြထားပါတယ်။

၂၀၂၄ ခုနှစ်မှာ နိုင်ငံရဲ့ လူဦးရေ သုံးပုံတစ်ပုံနီးပါးဖြစ်တဲ့ လူဦးရေ ၁၈.၆ သန်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်မှာ ဖြစ်တဲ့အကြောင်းနဲ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၁.၇ သန်း အပါအဝင် လူပေါင်း ၂ သန်းကျော် ဒေသတွင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာကိုလည်း ရေးသားထားပါတယ်။ ငွေကြေးဖောင်းပွမှု မြင့်တက်လာတာ၊ အိမ်ထောင်စုဝင်ငွေ ကျဆင်းတာတွေကြောင့် မြန်မာမိသားစုတွေ အထူးသဖြင့် နေရပ်နှင့်အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေနဲ့ အတိဒုက္ခအရောက်ဆုံး သူတွေဟာ စားအစာနှင့်သန့်ရှင်းတဲ့ သောက်ရေရရှိရေးအပါအဝင် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ရုန်းကန်နေရတဲ့အကြောင်း UNICEF က ပြောဆိုထားပါတယ်။

ကလေးငယ်တွေ၊ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေမှာ ပြင်းထန်အာဟာရချို့တဲ့မှု ပိုမိုဖြစ်ပေါ်နေပြီး ရေကြောင့်ဖြစ်ပွားတဲ့ ရောဂါများဖြစ်ပွားနိုင်ခြေ အန္တရာယ်များနှင့်လည်း ရင်ဆိုင်နေရတဲ့အကြောင်း UNICEF အဖွဲ့ကြီးက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG