သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီတိုးပေးဖို့ ကုလပန်ကြား


ကရင်ပြည်နယ်ထဲက ဒုက္ခသည်စခန်း / February 14, 2022
ကရင်ပြည်နယ်ထဲက ဒုက္ခသည်စခန်း / February 14, 2022

မြန်မာနိုင်ငံက လိုအပ်နေတဲ့လူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတိုးပေးကြဖို့ - အစ္စရေးနဲ့ ဟားမတ်စ်တို့ သဘောတူညီချက် ရသွားတာနဲ့ဆက်နွယ်ပြီး UNOCHA ခေါ် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေး ပေါင်းစပ်ညှိနှိုင်းရေးမှူး လင်းဟတ်စ်တင်း Lynn Hastings က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့တိုက်ပွဲတွေဟာ မြို့ပြနေရာတွေ အပါအဝင် နေရာအများအပြားမှာ ပြင်းထန်နေပါတယ်လို့ မစ္စဟတ်စ်တင်းက ဗုဒ္ဓဟူးနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောလိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းတွေမှာ သက်ရောက်မှုရှိနေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ အောက်တိုဘာလ ၂၆ ရက်နေ့ တိုက်ပွဲတွေ ပြင်းထန်လာကတည်းက အခု နိုဝင်ဘာလ ၂၁ ရက်နေ့အထိဆိုရင် အိုးပစ်အိမ်ပစ် စစ်ရှောင်ကြရသူပေါင်း ၂ သိန်း ၈ သောင်း ၆ ထောင်ကျော် ရှိပြီး ဆက်လက် တိုးများလာဖွယ်ရှိတယ်လို့ UNOCHA က ဆိုပါတယ်။ လူတွေ အရေးပေါ် လိုအပ်နေကြတာကတော့ ဝယ်စရာ ငွေကြေး၊ စားနပ်ရိက္ခာ၊ နေစရာ၊ တကိုယ်ရေးသန့်ရှင်းရေးပစ္စည်းတွေ၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဘေးအန္တရာယ်တွေက အကာအကွယ်ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှု စီမံကိန်း လိုအပ်ချက်ရဲ့ ၂၈ ရာနှုန်းပဲ ရရှိခဲ့တယ်လို့လည်း မစ္စဟတ်စ်တင်းက ဆိုပါတယ်။ တနိုင်ငံလုံးမှာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြရသူ ၂ သန်း ရှိနေပြီး သူတို့ကို ထိထိရောက်ရောက် ကူညီနိုင်ရေးအတွက် ရံပုံငွေနဲ့ အကူအညီပေးခွင့် လိုအပ်နေပါတယ်လို့လည်း UNOCHA က ပြောပါတယ်

XS
SM
MD
LG