သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အာဏာရှင်တွေဆီ လက်နက်စီးဆင်းမှုရပ်ဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း


Tom Andrews
Tom Andrews

မြန်မာနိုင်ငံမှာ အရှိန်အဟုန်ပြင်းပြင်းဖြစ်နေတဲ့ စစ်ရေးပဋိပက္ခကြောင့် အန္တရာယ်ကျရောက်နေသူတွေရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ အတွက် စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဖြစ်နိုင်ဖွယ်ရှိတဲ့ ကျူးလွန်မှုတွေမှာ စစ်အာဏာရှင်တွေ အသုံးပြုနေတဲ့ လက်နက်စီးဆင်းမှုကို ရပ်တန့်ဖိုလိုကြောင်း ကုလ သမဂ္ဂ အထူးကိုယ်စားလှယ်က အဖွဲ့ဝင်နိုင်ငံတွေကို ဒီဇင်ဘာ (၆) ရက်၊ ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်ပါတယ်။

“မြန်မာ့အရေးမှာ နိုင်ငံတကာရဲ့ အရေးယူ လုပ်ဆောင်မှုက သက်ရောက်မှုရှိကြောင်း ” မြန်မာ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ် က ပြောပါတယ်။ “စစ်အာဏာရှင်တွေဆီ လက်နက်စီးဆင်းမှုကို ရပ်တန့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ အရေးပါတဲ့ အပြောင်းအလဲတွေ လုပ်နိုင်မယ်” လို့ သူက ထောက်ပြပါတယ် ပြောပါတယ်။ “အချိန်ထပ်ဖြုန်းလို့ မရတော့ဘဲ ပြီးခဲ့တဲ့ရက်သီတင်းပတ် အနည်းငယ်အတွင်းမှာတင် မြန်မာနိုင်ငံတဝန်းမှာ လူ နှစ်သိန်းခွဲကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်” လို့ သူက ဆိုပါတယ်။

“အာဏာသိမ်း စစ်ကောင်စီဘက်က စစ်ရေး အရေးနိမ့်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အရပ်သားတွေကို တိုက်ခိုက်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးတွေကို အဟန့်အတားဖြစ်စေတဲ့ နည်းလမ်းတွေ လုပ်နေတယ်” လို့ လည်း တွမ်အင်ဒရူးစ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါပဋိပက္ခ ဖြစ်နေတဲ့ လက်နက်ကိုင် ဘက်ပေါင်းစုံကိုလည်း အရပ်သားတွေကို မတိုက်ဖို့၊ စစ်သုံ့ပန်းတွေကို လူသားဆန်စွာ ဆက်ဆံပြီး ဆေးဝါးကုသမှု ပေးဆောင်ဖို့ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာဖို့ အထူးကိုယ်စားလှယ်က တောင်းဆိုခဲ့ပါတယ်။ အရပ်သား အသက်တွေ ကယ်တင်နိုင်ဖို့ ကိုလည်း လူတေ ကျေးရွာတွေ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူ IDP စခန်းတွေကို ထိခိုက်စေတဲ့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကို ရပ်တန့်နိုင်မယ့် လေယာဉ်ဆီ ဖြတ်တောက်ဖို့ ကိုလည်း သူက တောင်းဆိုထားပါတယ်။

တချိန်တည်းမှာပဲ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ ဒီဇင်ဘာလ (၆) ရက်နေ့၊ ည (၁၂:၀၀) အချိန် ထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး (၄၁) ရက်မြောက်နေ့ ထုတ်ပြန် ချက်ထဲမှာ မဟာမတ်အဖွဲ့က နမ့်ခမ်းမြို့နယ်ထဲက စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကို ထပ်မံထိုးစစ်ဆင်နေရာမှာ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူပေးသလို Y12 ဂျက်ဖိုက်တာလေယာဥ◌်တွေနဲ့လည်း အကြိမ် (၂၁) ကြိမ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ (၆) ရက်နေ့မှာပဲ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့၊ တုန်ချိန်ရပ်ကွက် တောင်ဘက်ခြမ်းက စစ်ကောင်စီအခြေစိုက်စခန်းတခု ဖြစ်သော “တာရင်တောင်စခန်းကြီး” ရဲ့ စခန်းပေါင်း (၄) ခုကို ကိုးကန့် တပ်မတော် (MNDAA) က စစ်ဆင်ရေး (၂) ရက်တာထိုးစစ်ဆင်ခဲ့ပြီးနောက် အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီ တိုက်ပွဲအတွင်း စစ်သုံ့ပန်း (၁၀) ဦးကို ဖမ်းဆီးရမိတယ်လို့ ကြေညာပါတယ်။

ရခိုင်ပြည်နယ် ပေါက်တောမြို့မှာတော့ စစ်ကောင်စီလက်ကျန်တပ်တွေနဲ့ မြို့တွင်းတိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ပြောပါတယ်။ ပလက်ဝမြို့နယ်ဘက်မှာတော့ “နှုံးဘူးဗျူဟာကုန်း” ကို AA ဘက်က ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်ကတော့ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ခုခံနေတယ်လို့ ထုတ်ပြန်ပါတယ်။

ကရင့်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဒီဇင်ဘာ (၆) ရက်နေ့ ထုတ်ပြန်ချက်ထဲမှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းထားတဲ့ ညောင်လေးပင် ခရိုင်၊ မုန်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်သား (၁၉) ဦး လက်နက်ချပြီး တပ်မိသားစုဝင် (၄၂) ဦးကိုလည်း စစ်သုံ့ပန်း ဥပဒေတွေနဲ့ အညီ ကောင်းကောင်းမွန်မွန် ထိန်းသိမ်း စောင့်ရှောက် ပေးထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG