သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ပြဿနာတွေကြား မြန်မာ့အရေး မေ့မထားဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန်း


ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews အစီရင်ခံတင်ပြနေစဉ် (မတ် ၂၀၊ ၂၀၂၃)
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews အစီရင်ခံတင်ပြနေစဉ် (မတ် ၂၀၊ ၂၀၂၃)

ကမ္ဘာတဝှမ်း ကြီးမားတဲ့ ပဋိပက္ခနဲ့ စစ်ပွဲတွေ ရင်ဆိုင်နေရချိန်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေကိုလည်း လျစ်လျုရှုမထားဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းလိုက်ပါတယ်။ ကမ္ဘာကြီးတခုလုံး ဆိုးဝါးတဲ့ အကြမ်းဖက်မှု မီးတောက်မီးလျှံတွေ အဝိုင်းခံထားရချိန်မှာ မြန်မာနိုင်ငံအတွင်းက ပြင်းထန်တဲ့ ရက်စက်မှု မီးတောက်တွေကိုလည်း အဖွဲ့ဝင်နိုင်ငံတွေ ပစ်ပယ်မထားဖို့ ကုလသမဂ္ဂအထွေထွေညီလာခံကို သူပြောဆိုမှာဖြစ်တဲ့အကြောင်း Tom Andrews က (အရင်က Twitter ဖြစ်တဲ့) X လူမှုကွန်ယက်မှာ ရေးထားပါတယ်။

စစ်ကောင်စီအပေါ် ခိုင်မာတဲ့ အဆက်အစပ်ရှိရှိ အရေးယူနိုင်ဖို့က သိပ်ကို အရေးကြီးပါတယ်လို့လည်း X လူမှုကွန်ယက်မှာ သူက ရေးသားပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီရှေ့မှောက်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးအခြေအနေနဲ့ ပတ်သက်လို့ အစီရင်ခံစာကို Tom Andrews တင်သွင်းဖို့ ရှိပြီး အစီရင်ခံစာ မတင်သွင်းခင် လူမှုကွန်ယက်မှာ ကြိုတင် ရေးသားထားတာပါ။

မြန်မာစစ်ကောင်စီရဲ့ အဓိကဝင်ငွေရရှိနေတဲ့ မြန်မာရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် မြန်မာစစ်ကောင်စီတာဝန်ရှိသူတွေကို ပိုပြီးတင်းကျပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလ အမေရိကန်လွှတ်တော် Tom Lantos လူ့အခွင့်အရေးကော်မရှင် ကြားနားပွဲမှာ လူ့အခွင်အရေး အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းခဲ့ပါတယ်။ မြန်မာစစ်ကောင်စီကို စီးပွားရေးနဲ့နိုင်ငံရေးအရ ပိုပြီး ဖိအားပေး အကြပ်ကိုင်ဖို့နဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လွှတ်တော်ကအတည်ပြုထားတဲ့ Burma Act ဥပဒေ ပါ ရည်ညွှန်းဖော်ပြချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့လည်း အမေရိကန် အစိုးရအရာရှိတွေကို တင်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG