သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအပေါ် တိုးမြှင့်ဒဏ်ခတ်ဖို့ ကုလအထူးကိုယ်စားလှယ် အမေရိကန်ကိုတိုက်တွန်း


အမေရိကန်လွှတ်တော်မှာ ပြုလုပ်တဲ့ ကြားနာပွဲအတွင်း ထွက်ဆိုချက်ပေးနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင်အရေး အထူးကိုယ်စားလှယ် Tom Andrews (စက်တင်ဘာ ၁၃၊ ၂၀၂၃)
အမေရိကန်လွှတ်တော်မှာ ပြုလုပ်တဲ့ ကြားနာပွဲအတွင်း ထွက်ဆိုချက်ပေးနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင်အရေး အထူးကိုယ်စားလှယ် Tom Andrews (စက်တင်ဘာ ၁၃၊ ၂၀၂၃)

မြန်မာစစ်ကောင်စီရဲ့ အဓိကဝင်ငွေရရှိနေတဲ့ မြန်မာရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် မြန်မာစစ်ကောင်စီတာဝန်ရှိသူ တွေကို ပိုပြီးတင်းကျပ်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင်အရေး အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းလိုက်ပါတယ်။

“ကျနော်တို့အနေနဲ့ နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့လိုပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဥရောပသမဂ္ဂနဲ့ အတူ ပူးပေါင်းပြီး၊ စစ်ကောင်စီရဲ့ ဝင်ငွေအများဆုံးရတဲ့တခုတည်းသောနည်းလမ်းဖြစ်တဲ့ မြန်မာရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းလုပ်ဖို့ တိုက်တွန်းပါတယ်။ စစ်ကောင်စီရဲ့ ဝင်ငွေတွေကို ဖြတ်တောက်နိုင်ရင်၊ မြန်မာနိုင်ငံတွင်းမှာ သူတို့ကျူးလွန်နေတဲ့ ရက်စက်တဲ့လုပ်ရပ်တွေကိုလည်း တားဆီးနိုင်မှာဖြစ်တယ်လို့” Tom Andrews က အမေရိကန်လွှတ်တော်မှာ မနေ့ကလုပ်တဲ့ ကြားနာပွဲအတွင်း ပြောကြားလိုက်တာပါ။

ဒါ့အပြင် မြန်မာစစ်ကောင်စီအနေနဲ့ လက်နက်တွေမရရှိအောင် တားဆီးဖို့အတွက့် တခြားနိုင်ငံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် အပါအဝင် ဘဏ် ၂ ခုကို အမေရိကန်က အရေးယူခဲ့သလို၊ ပြိးခဲ့တဲ့လကလည်း မြန်မာစစ်ကောင်စီကို လေယာဉ်ဆီတွေရအောင် အကူအညီပေးနေတဲ့ ပြည်ပကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တဦးချင်းစီကို နောက်ထပ်အရေးယူတာတွေလုပ်ခဲ့ပါတယ်။

အမေရိကန် နဲ့ နိုင်ငံတကာအလှူရှင်တွေအနေနဲ့ ရိုဟင်ဂျာတွေအပါအဝင် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံနေရတဲ့ မြန်မာနိုင်ငံ ပြည်တွင်းပြည်ပက ဒုက္ခသည်တွေအတွက် ပေးနေတဲ့ အကူအညီတွေကို လျှော့ချလာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေချိန်မှာပဲ၊ ဒီလူသားချင်းစာနာမှုအကူအညီတွေကို အမေရိကန်အနေနဲ့ ဆက်ပြီးထိန်းထားနိုင်ဖို့က အရေးကြီးတယ်လို့ Tom Andews က ပြောလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG