သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုသစ် ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ကြိုဆို


ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews (ဇွန် ၂၃၊ ၂၀၂၂)
ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews (ဇွန် ၂၃၊ ၂၀၂၂)

မြန်မာစစ်ကောင်စီအတွက် ဝင်ငွေရမယ့် အရင်းအမြစ်တွေကို ပစ်မှတ်ထားတဲ့ အမေရိကန်၊ ယူကေနဲ့ ကနေဒါ နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေဟာ အရေးကြီးတဲ့ ခြေလှမ်းတရပ်အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ကြိုဆိုလိုက်ပါတယ်။ မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း (MOGE) အတွက် ဘဏ္ဍာရေးဝန်ဆောင်မှုတွေ မပေးဖို့ တားမြစ်လိုက်တဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်မှုကြောင့် စစ်ကောင်စီအတွက် အများဆုံး ဝင်ငွေရပေါက်ရလမ်းကို တင်းကြပ်ရာ ရောက်တယ်လို့လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ကနေဒါနိုင်ငံရဲ့ အရေးယူဒဏ်ခတ်မှုမှာ မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်သွင်းသူတွေအတွက် အာမခံရောင်းချမှုတွေကို တားမြစ်လိုက်တဲ့အတွက် မြန်မာနိုင်ငံက ကျေးရွာတွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေတာတွေကို ဟန့်တားနိုင်မယ့် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့လည်း ပြောပါတယ်။ အမေရိကန်၊ ယူကေနဲ့ ကနေဒါနိုင်ငံတွေက MOGE အတွက် ဘဏ္ဍာရေးဝန်ဆောင်မှုတွေ မလုပ်ဖို့ တားမြစ်ချက်တွေ၊ စစ်လက်နက် ရောင်းချမှုတွေနဲ့ ဆက်နွယ်တဲ့ လူပုဂ္ဂိုလ်တွေ လုပ်ငန်းတွေကို အရေးယူတာတွေ အပါအဝင် ဒဏ်ခတ်မှုသစ်တွေကို မနေ့ကပဲ ကြေညာခဲ့တာပါ။ ပူးပေါင်းညှိနှိုင်းပြီး ဒဏ်ခတ်လိုက်တဲ့ အစီအစဉ်ဟာ မြန်မာပြည်သူတွေနဲ့ လူ့အခွင့်အရေးကို ထောက်ခံအားပေးတဲ့ နိုင်ငံတွေက ထိရောက်တဲ့ အရေးယူမှုတွေလုပ်သွားဖို့ ပြသလိုက်တဲ့ လုပ်ရပ်အဖြစ်နဲ့လည်း လူ့အခွင့်ရေး အထူးကိုယ်စားလှယ်က ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီအတွက် နိုင်ငံခြားငွေ ရပေါက်ရလမ်းတွေနဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကို ကန့်သတ်နိုင်မယ့် လေယာဉ်ဆီတင်သွင်းမှုတွေကို ကန့်သတ်မှုတွေကို တိုးချဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင် တခြားနိုင်ငံတွေကပါ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG