သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းအပေါ် အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ဒဏ်ခတ်အရေးယူ


ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှာ စက်သုံးဖြည့်ဖို့အတွက် တန်းစီနေတဲ့ ကားများ
ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှာ စက်သုံးဖြည့်ဖို့အတွက် တန်းစီနေတဲ့ ကားများ

အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာစစ်ကောင်စီကို ပစ်မှတ်ထားတဲ့ အနေနဲ့ ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း ဒီနေ့ပဲ ကြေညာလိုက်ကြပါတယ်။ နိုင်ငံပိုင် MOGE အတွက် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစ အမေရိကန် ဘဏ္ဍာရေးလုပ်ငန်းတွေက ဝန်ဆောင်မှုတွေ မပေးကြဖို့ တားမြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြန်လိုက်တာပါ။ မြန်မာလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျုးလွန်ရာမှာ အသုံးပြုဖို့ လက်နက်တွေ မဝယ်နိုင်အောင် စစ်ကောင်စီရဲ့ ဝင်ငွေကို ဟန့်တားဖို့ ရည်ရွယ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အလားတူ ဗြိတိန်၊ ကနေဒါတို့ကလည်း MOGE အပေါ် ဒဏ်ခတ်မှုတွေ ချမှတ်လိုက်ကြောင်း ဒီကနေ့ပဲ ကြေညာခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းခဲ့ပြီး နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် စစ်ကောင်စီ ထိပ်တန်း ခေါင်းဆောင်တွေ အပါအဝင် တာဝန်ရှိသူတွေကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ် အရေးယူထားပါတယ်။ ဒါပေမဲ့လည်း MOGE အပါပဝင် စစ်တပ်ရဲ့ ဝင်ငွေရပေါက်ရလမ်းတွေကို ထိရောက်အောင် ဟန့်တားဖို့ ကုလသမဂ္ဂ တာဝန်ရှိသူ တချို့နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကပါ တိုက်တွန်းနေကြတာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG