သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်အတွက် ဆက်သွယ်ရေးပစ္စည်းတွေ တင်ပို့မှုအတွက် ဂျာမနီစုံစမ်းစစ်ဆေး


၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၂ရက်နေ့က နေပြည်တော်တွင်တွေ့ရသည့် စစ်ကားတချို့
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၂ရက်နေ့က နေပြည်တော်တွင်တွေ့ရသည့် စစ်ကားတချို့

မြန်မာစစ်တပ် ဖိနှိပ်ရေးယန္တရားအတွက် အသုံးပြုနိုင်မယ့် စစ်သုံး ဆက်သွယ်ရေးပစ္စည်းတွေကို ဂျာမနီနိုင်ငံက ကုမ္ပဏီတခုဆီကမှာယူရာမှာ ဗီယက်နမ် ကုမ္ပဏီတခုက ကြားခံ ဆောင်ရွက်ပေးခဲ့တဲ့အကြောင်း မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Justice for Myanmar အဖွဲ့က VOA ကို ပြောပါတယ်။ မြန်မာစစ်တပ်အတွက် စစ်သုံး ဂြိုလ်တုဆက်သွယ်ရေးပစ္စည်းတွေပေးပို့ခဲ့တယ်ဆိုပြီး ဂျာမနီနိုင်ငံ အခြေစိုက် ND SatCom ဂြိုလ်တု ဆက်သွယ်ရေး ပစ္စည်း ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကို ဂျာမနီနိုင်ငံ Ravensburg မြို့နယ် အစိုးရ ရှေ့နေရုံးက ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ရာဇဝတ်မှုနဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။

ဒီလို မှာယူနိုင်ဖို့ ဗီယက်နမ်နိုင်ငံ ဟန်နွိုင်အခြေစိုက် OSB ခေါ် နည်းပညာနဲ့ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီက တဆင့်ခံ လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပြီး စစ်ကောင်စီအတွက် ပေးပို့ခဲ့တဲ့ ဆက်သွယ်ရေး ပစ္စည်းတွေထဲမှာ 5 G ဆက်သွယ်ရေး စစ်သုံး ပစ္စည်းတွေ၊ Software တွေပါဝင်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းက နောက်ဆုံး ပေးပို့ခဲတာဖြစ်ပါတယ်။

ဗီယက်နမ် OSB နည်းပညာ ကုမ္ပဏီဟာ မြန်မာနိုင်ငံက Terabit Wave Co. Ltd တယ်လီဆက်သွယ်ရေး ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့အကြောင်းနဲ့ ဗီယက်နမ်နိုင်ငံဟာ မြန်မာစစ်တပ်ကို အဓိက လက်နက်နဲ့ စစ်သုံးပစ္စည်းရအောင် ပံ့ပိုးပေးနေတဲ့ နိုင်ငံတခု ဖြစ်တဲ့အကြောင်း Justic for Myanmar အဖွဲ့က ရတနာမောင်က VOA ကို ပြောပါတယ်။

မြန်မာစစ်တပ် ကျုးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ဆင်ရေးတွေမှာ ဂျာမနီနိုင်ငံထုတ် ND SatCom ကုမ္ပဏီထုတ် ဆက်သွယ်ရေး ပစ္စည်းတွေကို အဓိက အသုံးပြုခဲ့တဲ့အကြောင်းလည်း Justice for Myanmar အဖွဲ့က ပြောဆိုထားပါတယ်။ အခု ND SatCom ကို ဂျာမနီနိုင်ငံအတွင်း ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးတာဟာ နောက်နောင် ဂျာမနီနဲ့ တခြား ဥရောပနိုင်ငံတွေက စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ မြန်မာစစ်တပ်လက်ထဲ မရောက်အောင် ကာကွယ်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ စစ်ကောင်စီကို လက်နက်ပေးပို့တဲ့ ကုမ္ပဏီတွေ၊ တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး ခြေလှမ်းတခု ဖြစ်တဲ့အကြောင်းလည်း Justice for Myanmar အဖွဲ့က ပြောဆိုပါတယ်။

XS
SM
MD
LG