အိႏၵိယႏိုင္ငံပိုင္စက္႐ုံက အေျမာက္ေျပာင္းေတြကို ျမန္မာစစ္တပ္ကို တင္ပို႔ေနၿပီး၊ အတိုက္အခံေတြကို ေခ်မႈန္းရာမွာ အဲဒီလက္နက္ေတြကို အသုံးျပဳႏိုင္တယ္လို႔ တရားမွ်တေရးလႈပ္ရွားတဲ့ အဖြဲ႕တခုက သတိေပးလိုက္ပါတယ္။ ၂၀၂၂ ေအာက္တိုဘာလ မွာ ႏိုင္ငံေတာ္ပိုင္ Yantra India Limited ကုမၸဏီက ထုတ္လုပ္တဲ့ ၁၂၂ မီလီမီတာ အေျမာက္ေျပာင္း အေရအတြက္ ၂၀ ပို႔တဲ့ စာရင္းကို ရရွိေၾကာင္း Justice for Myanmar (JFM) အဖြဲ႕က ေျပာပါတယ္။ တန္ဖိုးအားျဖင့္ ေဒၚလာ ၃ သိန္း ၃ ေသာင္း ေဖာ္ျပထားၿပီး၊ ကုန္ပစၥည္း လက္ခံတဲ့ ကုမၸဏီက ရန္ကုန္မွာ ရွိတဲ့ Innovative Industrial Technologies Company Limited ျဖစ္တယ္လို႔ အဖြဲ႕က ဒီကေန႔ မတ္လ ၁ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။ အခုတင္သြင္းတဲ့ ေျပာင္းေတြကို စစ္တပ္ရဲ႕ လက္နက္ေတြမွာ အသုံးျပဳဖြယ္ရွိႏိုင္တယ္လို႔ JFM အဖြဲ႕ က ေျပာပါတယ္။ အိႏၵိယအစိုးရပိုင္ Yantra India Limited ကုမၸဏီဟာ ေသနတ္ေျပာင္းေတြနဲ႔ တင့္ကားေပၚမွာ တပ္ဆင္တဲ့လက္နက္ေတြ၊ လက္နက္ႀကီးေတြမွာသုံးတဲ့ ပစၥည္းေတြကို ထုတ္လုပ္တယ္လို႔ ကုမၸဏီရဲ႕ အင္တာနက္စာမ်က္ႏွာမွာ ေရးထားပါတယ္။
ၿပီးခဲ့တဲ့ ႏွစ္တုန္းကလည္း ဒီကုမၸဏီဟာ လုံၿခဳံေရးဆိုင္ရာ ပစၥည္းေတြကို တင္သြင္းဖို႔ စစ္ေကာင္စီရဲ႕ တင္ဒါ ကို ရရွိခဲ့တဲ့ ကုမၸဏီ ျဖစ္တယ္လို႔ AFP သတင္းမွာလည္း ေဖာ္ျပပါတယ္။ ကုလသမဂၢလုံၿခဳံေရးေကာင္စီက ဒီဇင္ဘာလ ၂၁ ရက္က ဆုံးျဖတ္ခ်က္အမွတ္ ၂၆၆၉ ကို ခ်မွတ္စဥ္တုန္းကလည္း အိႏၵိယဟာ ႐ုရွား တ႐ုတ္တို႔နဲ႔အတူ မဲမေပးဘဲေနခဲ့တဲ့ ႏိုင္ငံပါ။ နယ္စပ္ျဖတ္ ရာဇဝတ္မႈေတြ ရွိေနတာေၾကာင့္ စစ္ေကာင္စီနဲ႔ ဆက္ဆံတာေရွာင္လို႔ မရႏိုင္ပါဘူးလို႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး S. Jaishankar က ျမန္မာႏိုင္ငံဆိုင္ရာ မူဝါဒနဲ႔ ပတ္သက္ၿပီး ကာကြယ္ေျပာဆိုခဲ့ဖူးပါတယ္။ ခုလို “လက္နက္ေျပာင္းေတြ တင္ပို႔တာ ခြင့္ျပဳျခင္းအားျဖင့္ အရပ္သားေတြအေပၚ စစ္ေကာင္စီ က တိုက္ခ်င္သလို တိုက္ခိုက္ေနတာကို အိႏၵိယက တိုက္႐ိုက္ ေထာက္ခံပံ့ပိုးေနတယ္” လို႔ JFM အဖြဲ႕ က ေျပာပါတယ္။
[Unicode]
အိန္ဒိယပိုင်ကုမ္ပဏီက အမြောက်ပြောင်းတွေ စစ်တပ်ကိုရောင်းနေလို့ JFM ထုတ်ဖော်
အိန္ဒိယနိုင်ငံပိုင်စက်ရုံက အမြောက်ပြောင်းတွေကို မြန်မာစစ်တပ်ကို တင်ပို့နေပြီး၊ အတိုက်အခံတွေကို ချေမှုန်းရာမှာ အဲဒီလက်နက်တွေကို အသုံးပြုနိုင်တယ်လို့ တရားမျှတရေးလှုပ်ရှားတဲ့ အဖွဲ့တခုက သတိပေးလိုက်ပါတယ်။ ၂၀၂၂ အောက်တိုဘာလ မှာ နိုင်ငံတော်ပိုင် Yantra India Limitedကုမ္ပဏီ က ထုတ်လုပ်တဲ့ ၁၂၂ မီလီမီတာ အမြောက်ပြောင်း အရေအတွက် ၂၀ ပို့တဲ့ စာရင်းကို ရရှိကြောင်း Justice for Myanmar (JFM) အဖွဲ့က ပြောပါတယ်။ တန်ဖိုးအားဖြင့် ဒေါ်လာ ၃ သိန်း ၃ သောင်း ဖော်ပြထားပြီး၊ ကုန်ပစ္စည်း လက်ခံတဲ့ ကုမ္ပဏီက ရန်ကုန်မှာ ရှိတဲ့ Innovative Industrial Technologies Company Limited ဖြစ်တယ်လို့ အဖွဲ့က ဒီကနေ့ မတ်လ ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ အခုတင်သွင်းတဲ့ ပြောင်းတွေကို စစ်တပ်ရဲ့ လက်နက်တွေမှာ အသုံးပြုဖွယ်ရှိနိုင်တယ်လို့ JFM အဖွဲ့ က ပြောပါတယ်။ အိန္ဒိယအစိုးရပိုင် Yantra India Limited ကုမ္ပဏီဟာ သေနတ်ပြောင်းတွေနဲ့ တင့်ကားပေါ်မှာ တပ်ဆင်တဲ့လက်နက်တွေ၊ လက်နက်ကြီးတွေမှာသုံးတဲ့ ပစ္စည်းတွေကို ထုတ်လုပ်တယ်လို့ ကုမ္ပဏီရဲ့ အင်တာနက်စာမျက်နှာမှာ ရေးထားပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ဒီကုမ္ပဏီဟာ လုံခြုံရေးဆိုင်ရာ ပစ္စည်းတွေကို တင်သွင်းဖို့ စစ်ကောင်စီရဲ့ တင်ဒါ ကို ရရှိခဲ့တဲ့ ကုမ္ပဏီ ဖြစ်တယ်လို့ AFP သတင်းမှာလည်း ဖော်ပြပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာလ ၂၁ ရက်က ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ချမှတ်စဉ်တုန်းကလည်း အိန္ဒိယဟာ ရုရှား တရုတ်တို့နဲ့အတူ မဲမပေးဘဲနေခဲ့တဲ့ နိုင်ငံပါ။ နယ်စပ်ဖြတ် ရာဇဝတ်မှုတွေ ရှိနေတာကြောင့် စစ်ကောင်စီနဲ့ ဆက်ဆံတာရှောင်လို့ မရနိုင်ပါဘူးလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar က မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုခဲ့ဖူးပါတယ်။ ခုလို “လက်နက်ပြောင်းတွေ တင်ပို့တာ ခွင့်ပြုခြင်းအားဖြင့် အရပ်သားတွေအပေါ် စစ်ကောင်စီ က တိုက်ချင်သလို တိုက်ခိုက်နေတာကို အိန္ဒိယက တိုက်ရိုက် ထောက်ခံပံ့ပိုးနေတယ်” လို့ JFM အဖွဲ့ က ပြောပါတယ်။