သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ကိုလက်နက်ရောင်းချမှုစွပ်စွဲချက် မှန်မှန်ကန်ကန်အရေးယူဖို့ အင်ဒိုကို NUG တိုက်တွန်း


အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတော်ပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေက မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတယ်ဆိုတဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ အင်ဒိုနီးရှား အစိုးရအနေနဲ့ မှန်မှန်ကန်ကန် အရေးယူဆောင်ရွက်ဖို့ NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက တောင်းဆိုလိုက်ပါတယ်။  

အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတော်ပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေက မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတယ်ဆိုတဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ အင်ဒိုနီးရှား အစိုးရ အနေနဲ့ မှန်မှန်ကန်ကန် အရေးယူ ဆောင်ရွက်ဖို့ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက တောင်းဆိုလိုက်ပါတယ်။


ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး မြန်မာ စစ်တပ်ကို စစ်လက်နက် ပစ္စည်းတွေ ရောင်းချနေတယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက Justice for Myanmar ရဲ့ သုတေသနကို အခြေခံပြီး အင်ဒိုနီးရှား လူ့အခွင့်အရေးကော်မရှင်ကို အောက်တိုဘာ (၂) ရက်နေ့က တိုင်ကြားထားတာပါ။ တိုင်ကြားချက်နဲ့ ပတ်သက်လို့ အင်ဒိုနီးရှား အစိုးရဘက်ကတော့ ၂၀၂၁ ဖေဖော်ဝါရီ နောက်ပိုင်း မြန်မာစစ်တပ်ကို လက်နက် ရောင်းချတာ မရှိဘူးလို့ ဗွီအိုအေ အင်ဒိုနီးရှား ဌာနကို တုံပြန်ထားပြီး စစ်ကောင်စီ ဘက်က တုံ့ပြန်ချက်မရသေးပါဘူး။ အင်ဒိုနီးရှား အပါအဝင် နိုင်ငံတကာက မြန်မာစစ်တပ်ကို လက်နက်ရောင်းချခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး NUG လူ့အခွင့်အရေး ဝန်ကြီးဌာနရဲ့ တုံ့ပြန်ချက်ကို သိရဖို့ ကိုငြိမ်းချမ်းအေးက ဝန်ကြီး ဦးအောင်မျိုးမင်းကို အွန်လိုင်းကတဆင့် ဆက်သွယ် မေးမြန်းထားပါတယ်။

XS
SM
MD
LG