သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ပတ်သက်တဲ့ ထုတ်ကုန်တွေ သပိတ်မှောက်ဖို့ Burma Campaign UK ထပ်မံတောင်းဆို


Burma Campaign UK ရဲ့ မြန်မာစစ်တပ်ပိုင် (သို့) စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီစာရင်းမှာပါဝင်တဲ့ မြဝတီဘဏ်ရဲ့ ရန်ကုန်မြို့ရှိ ဘဏ်ခွဲတခုကို တွေ့ရစဉ်
Burma Campaign UK ရဲ့ မြန်မာစစ်တပ်ပိုင် (သို့) စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီစာရင်းမှာပါဝင်တဲ့ မြဝတီဘဏ်ရဲ့ ရန်ကုန်မြို့ရှိ ဘဏ်ခွဲတခုကို တွေ့ရစဉ်

မြန်မာစစ်တပ်ပိုင်ဆိုင်တာ၊ ဒါမှမဟုတ် သူတို့နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေကို သပိတ်မှောက်ကြဖို့ ထုတ်ပြန်ထားတဲ့စာရင်းမှာ နောက်ထပ် ကုမ္ပဏီပေါင်း ၃၀ ရဲ့ အမည်တွေကို ထပ်ပြီး ထည့်သွင်းလိုက်ကြောင်း ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK က ဒီကနေ့ အောက်တိုဘာ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံထားရတဲ့ မြန်မာစစ်တပ်ပိုင်၊ ဒါမှမဟုတ် စစ်တပ်ကို ထောက်ပံ့နေတဲ့ စီးပွားရေး လုပ်ငန်းတွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ၀ယ်ယူ သုံးစွဲတာတွေမလုပ်ဖို့ ၂၀၂၀ ပြည့်နှစ်ကတည်းက Burma Campaign UK အဖွဲ့ကနေ ကုမ္ပဏီအမည်စာရင်းတွေကို ပြုစုထုတ်ပြန်ခဲ့တာပါ။

“စစ်တပ်ပိုင် ကုမ္ပဏီတွေကထွက်တဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းအများအပြားဟာ စစ်တပ်အတွက် အရေးပါသလို နိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို အမြဲတစေ လွှမ်းမိုးထားတာကို ပြသနေတယ်” လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

ဒီကနေ့ထုတ်ပြန်တဲ့ သပိတ်မှောက်ရမယ့် ကုမ္ပဏီအမည်စာရင်းအသစ် ၃၀ ထဲမှာ အရင်စာရင်းထဲမှာရှိထားတဲ့ ထုတ်ကုန်တွေကို နာမည်အမျိုးမျိုး ပြောင်းလဲထားတဲ့အတွက် ထပ်ပြီး ထည့်သွင်းရတာြဖစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ြပထားပါတယ်။ စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကုမ္ပဏီနာမည်တွေ များပြားလွန်းတဲ့အတွက် စာရင်းပြုစုထားတဲ့ စာမျက်နှာပေါင်း ၈ မျက်နှာထိ ရှိသွားပြီလို့လည်း ဆိုပါတယ်။

ကြယ်ငါးပွင့်သင်္ဘော Coco Gyun ကိုတော့ ရောင်းချလိုက်ပြီးဖြစ်တဲ့အတွက် သပိတ်မှောက်စာရင်းကနေ ဖယ်ရှားခဲ့တယ်လို့ Burma Campaign UK ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

Burma Campaign UK ကထုတ်ပြန်ထားတဲ့ စစ်တပ်ပိုင် ဒါမှမဟုတ် စစ်တပ်ကို ထောက်ပံ့နေတဲ့ ကုမ္ပဏီစာရင်းတွေနဲ့ ပတ်သက်လို့ သံရုံးတွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေ၊ နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ မြန်မာပြည်သူပြည်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ၊ ပစ်ခတ် သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ လုပ်ရပ်တွေမှာ ကူညီပံ့ပိုးတာမျိုးမဖြစ်စေဖို့ အသေအချာကြည့်ကြဖို့လည်း Mark Farmaner က တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG