သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ကောင်စီအားနည်းသွားအောင် ပစ်မှတ်ထားဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန်း


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews 
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews 

စစ်ကောင်စီ ပိုအားနည်းသွားအောင်လုပ်နိုင်မယ့် ပိုပြီး ထိရောက်တဲ့လမ်းကြောင်းဖောက်နိုင်ဖို့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က အထွေထွေညီလာခံရဲ့ တတိယကော်မီတီကို ပြောကြားလိုက်ပါတယ်။

ဘဏ်တွေလို အဓိက ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဂျက်လေယာဥ်ဆီရောင်းဝယ်တာကို ပစ်မှတ်အဖြစ်ထားပြီး ပိတ်ဆို့အရေးယူတာအပါအဝင် စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဖွဲ့ဝင်နိုင်ငံတွေက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လာကြတာတွေကြောင့် မျှော်လင့်မိတာဖြစ်ကြောင်း လူသားချင်း စာနာထောက်ထားရေး၊ ယဥ်ကျေးမှုနဲ့ လူမှုရေးရာကိစ္စတွေကို စဥ်းစားတဲ့ကော်မီတီကို ပြောကြားခဲ့တာပါ။

ဒီ ရရှိလာတဲ့အရှိန်အဟုန်ပေါ်မှာ ပိုပြီး ခိုင်မာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီး စစ်ကောင်စီ ပိုအားနည်းအောင် လုပ်ဖို့ ခု အချိန်ရောက်နေပြီလို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။ စစ်ကောင်စီဟာ ကသောင်းကနင်း၊ အကြမ်းဖက်မှုတွေ လုပ်တဲ့အဖွဲ့ဖြစ်တာကြောင့် တိုင်းပြည်မှာ မအုပ်ချုပ်နိုင်ဖြစ်ရပြီး မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာ အပေါ် သက်ရောက်မှုရှိလာရတယ်လို့ သူက ပြောကြားသွားတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG