သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးကေပေါ့အဖွဲ့ ITZY ရဲ့ သီချင်းသစ်ထွက်ရှိ


အမျိုးသမီးကေပေါ့အဖွဲ့ ITZY
အမျိုးသမီးကေပေါ့အဖွဲ့ ITZY

အမျိုးသမီးကေပေါ့အဖွဲ့ ITZY က Untouchable ဆိုတဲ့ သီချင်းသစ်တပုဒ် ဇန်နဝါရီ ၈ ရက်နေ့ကပဲ ထွက်လာပါပြီ။ သူတို့အဖွဲ့ရဲ့ ဒုတိယတေးဓာတ်ပြား Born to Be တေးဓာတ်ပြားထဲက သီချင်းတပုဒ် ဖြစ်ပါတယ်။ သူတို့ Mr. Vampire နဲ့ Born to Be သီချင်းတွေအရင်ထွက်လာပြီး သီချင်းတွေ အရင်ထွက်ထားပြီး အခု သီချင်းအသစ် ထပ်ထွက်တာပါ။

ITZY အဖွဲ့က JYP Entertainment စီမံမှုအောက်မှာ ၂၀၁၉ ဇန်နဝါရီမှာ စထွက်လာတဲ့ အဖွဲ့ဖြစ်ပြီး Cake တို့ Wannabe တို့ သီချင်းတွေက လူကြိုက်အများဆုံးသီချင်းတွေ ဖြစ်ပါတယ်။ JYP Entertainment က နာမည်ပြီး ကေပေါ့အဖွဲ့တွေဖြစ်တဲ့ TWICE၊ Stray Kids နဲ့ Wonder Girls အဖွဲ့တွေကို ကိုယ်စားပြု စီမံခန့်ခွဲပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ITZY အဖွဲ့ကလည်း ၂၀၂၂ Mnet အာရှဂီတဆုချီးမြှင့်ပွဲမှာ အကောင်းဆုံးအမျိုးသမီး အနုပညာရှင်ဆုရထားပြီး ၂၀၂၂ MTV ဂီတ ဗွီဒီယိုဆုချီးမြှင့်ပွဲမှာ အကောင်းဆုံ ကေပေါ့ဆုအတွက် စကာတင်ရွေးချယ်ခံရတဲ့ အဖွဲ့မှာ ပါဝင်ပါတယ်ရှင်။

XS
SM
MD
LG