သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆယ်ကျော်သက်အဆိုတော် Billie Eilish ဂရမ်မီဆုကြီး လေးဆုရရှိ


ဆယ်ကျော်သက်အဆိုတော် Billie Eilish ဂရမ်မီဆုကြီး လေးဆုရရှိ
ဆယ်ကျော်သက်အဆိုတော် Billie Eilish ဂရမ်မီဆုကြီး လေးဆုရရှိ

(Zawgyi/ Unicode)

အမေရိကန်ပြည်ထောင်စု Los Angeles မြို့မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ၆၂ ကြိမ်မြောက် Grammy ဆုပေးပွဲမှာ ဆယ်ကျော်သက်အဆိုတော် Billie Eilish က ထိပ်တန်းဆုကြီး ၄ ခုလုံးကို ဆွတ်ခူးသွားပါတယ်။ Grammy ဆုသမိုင်းမှာ ခုလို ဆုကြီး ၄ ခုလုံးကို တယောက်ထဲရတဲ့ ပထမဆုံးအမျိုးသမီး အဆိုတော်ဖြစ်ပါတယ်။ အကောင်းဆုံးတေး Album ဆု၊ တေး Album ထဲက အကောင်းဆုံး သီချင်းဆု၊ အကောင်းဆုံး သီချင်းဆုနဲ့ အကောင်းဆုံး အနုပညာရှင်သစ်ဆု တွေကို Billie Eilish ရရှိသွားတာဖြစ်ပါတယ်။ ခုလိုဆုကြီး ၄ ခုလုံးကို လွန်ခဲ့တဲ့ ၃၉ နှစ်တုန်းက ပထမဆုံးရခဲ့သူက အဆိုတော် Christopher Cross ဖြစ်ပါတယ်။

Billie Eilish နဲ့သူ့အကိုတို့ အိပ်ခန်းထဲမှာ ဖန်တီးခဲ့တဲ့ When We All Fall Asleep, Where Do We Go? ဆိုတဲ့ ပထမဆုံး Billie Eilish ရဲ့ Album က အကောင်းဆုံးတေး Album ဆုကို ရခဲ့တာပါ။ အဲဒီ Album ထဲက "Bad Guy" ဆိုတဲ့သီချင်းကလည်း တေး Album ထဲက အကောင်းဆုံး သီချင်းဆု၊ အကောင်းဆုံး သီချင်းဆုတို့ကို ရရှိခဲ့ပါတယ်။ ကိုရီးယားက Kpop အဖွဲ့ဖြစ်တဲ့ BTS ကလည်း အမေရိကန် ဆုပေးပွဲတွေထဲမှာ ပထမဆုံးဖျော်ဖြေခွင့်ရတဲ့ Kpop အဖွဲ့အနေနဲ့ သီဆိုဖျော်ဖြေသွားခဲ့ကြပါတယ်။

ဂီတဘက်မှာ ထူးချွန်သူတွေကို ဂုဏ်ပြုဆုပေးတဲ့ Grammy ဆုပေးပွဲမှာ မနေ့ကတော့ အနုပညာရှင်တော်တော်များများက ရဟတ်ယာဉ်ပျက်ကျ သေဆုံးသွားတဲ့ Basketball အကျော်အမော် Kobe Bryant အတွက် ဝမ်းနည်းစကားတွေ ပြောကြားခဲ့ကြပါတယ်။ အမေရိကန်ဂီတလောကမှာ အငြင်းပွားစရာကိစ္စဖြစ်နေချိန်မှာ Grammy ဆုပေးပွဲကို ကျင်းပတာလည်းဖြစ်ပါတယ်။

Recording Academy က ပထမဆုံး CEO အဖြစ် Deborah Dugan ကို ခန့်အပ်ခဲ့ပြီး သီတင်း ၂ ပတ်တောင် မကြာခင်မှာ အုပ်ချုပ်ရေးပိုင်း ညံ့ဖျင်းတယ်ဆိုပြီး တာဝန်ကနေ ယာယီရပ်ဆဲခံရပါတယ်။ Deborah Dugan ကတော့ အလုပ်ခွင်ထဲမှာ အမျိုးသားတွေကြီးစိုးနေပြီး အမျိုးသမီးတွေကို နှိမ်ချဆက်ဆံတယ်လို့ တန်းတူအခွင့်အရေးကော်မရှင်ကို တိုင်ကြားထားတာဖြစ်ပါတယ်။

Pop ဂီတအမျိုးအစား တဦးထဲဖျော်ဖြေသူတွေထဲမှာ အကောင်းဆုံးဆုကိုတော့ "Truth Hurts" ဆိုတဲ့သီချင်းနဲ့ အဆိုတော် Lizzo ကရရှိသွားပါတယ်။ Pop ဂီတအမျိုးအစား အဖွဲ့လိုက် ဒါမှမဟုတ် ၂ ယောက်ပေါင်း ဖျော်ဖြေသူတွေထဲက Lil Nas X နဲ့ Billy Ray Cyrus တို့ကလည်း "Old Town Road" ဆိုတဲ့သီချင်းနဲ့ အကောင်းဆုံးဆုကို ရရှိသွားကြပါတယ်။

တိုက်ရိုက် လင့်ခ်


...................

ဆယျကြောျသကျအဆိုတောျ Billie Eilish ဂရမျမီဆုကွီး လေးဆုရရှိ

(Unicode)






XS
SM
MD
LG