သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ရွေးကောက်ပွဲအတွက် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်


ထိုင်ဝမ်ရွေးကောက်ပွဲမဲဆွယ်နေမှုမြင်ကွင်း (ဇန်နဝါရီ ၁၁၊ ၂၀၂၄)
ထိုင်ဝမ်ရွေးကောက်ပွဲမဲဆွယ်နေမှုမြင်ကွင်း (ဇန်နဝါရီ ၁၁၊ ၂၀၂၄)

ထိုင်ဝမ်ကျွန်းမှာ စနေနေ့ကျင်းပမယ့် ရွေးကောက်ပွဲပြီးရင် အလွတ်သဘော အဆင့်မြင့် ကိုယ်စားလှယ်တဖွဲ့ကို စေလွှတ်မယ်လို့ အမေရိကန်အစိုးရက ကြေညာပါတယ်။ တရုတ်တပြည်ထောင်မူကို လက်ကိုင်ထားတဲ့ အမေရိကန်အစိုးရအနေနဲ့ ထိုင်ဝမ်ရွေးကောက်ပွဲ ပြီးသွားရင်လည်း ဒီမူကို မပြောင်းလဲဘဲ ဘယ်ပါတီ ဘယ်ကိုယ်စားလှယ်ကိုမှ ထောက်ခံတယ်ဆိုတာမျိုး မဟုတ်ဘူးဆိုတာ ပြသဖို့ဖြစ်တယ်လို့ အစိုးရထိပ်တန်းတာဝန်ရှိသူတယောက်က သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ် အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးကြီးတဲ့ ဆက်သွယ်မှုအတွက် ထိုင်ဝမ်ရွေးကောက်ပွဲမှာ အနိုင်ရသူနဲ့ အဆက်အဆံလုပ်ဖို့ ဖြစ်တယ်လို့ပြောကြားပြီး အမေရိကန်အစိုးရရဲ့ မူပြောင်းမှာ မဟုတ်ဘူးဆိုတာကို အလေးထားပြောကြားခဲ့ပါတယ်။ အခုလို အမေရိကန်အစိုးရက အလွတ်သဘောအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ့်ကိစ္စအပေါ် တရုတ်အစိုးရကတော့ ကျေနပ်မှာ မဟုတ်ဘူးလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

တရုတ်က ထိုင်ဝမ်ကို သူတို့ပိုင်နယ်မြေအဖြစ် သတ်မှတ်ထားပြီး အချိန်မရွေး ပြန်သိမ်းပိုက်နိုင်တယ်လို့ ခြိမ်းခြောက်နေတာဖြစ်ပါတယ်။ အခုထိုင်ဝမ်ရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲ ရွေးချယ်ရမယ့် ရွေးကောက်ပွဲဖြစ်တယ်လို့လည်း တရုတ်အစိုးရက ပြောကြားနေပါတယ်။ လက်ရှိအာဏာရ DPP ရဲ့ သမ္မတလောင်း Lai Ching-te က ပြည်မကြီးရဲ့ ခြိမ်းခြောက်မှုတွေကို စိတ်ယိုင်မသွားကြဖို့ ပြောကြားမဲဆွယ်နေပါတယ်။ အဓိကအတိုက်အခံ KMT ကူမင်တန်ပါတီသမ္မတလောင်း Hou Yu-ih ကတော့ Lai Ching-te သာအနိုင်ရခဲ့ရင် အမေရိကန်နဲ့ စစ်ရေးအရ ပိုပြီးပူးပေါင်းမှာဖြစ်တာကြောင့် ပြည်မကြီးနဲ့ တင်းမာမှု ပိုမိုကြီးမားလိမ့်မယ်လို့ ပြောပြီး ထိုင်ဝမ်အတွက် ပိုအန္တရာယ်များတယ်လို့ ပြောကြားမဲဆွယ်နေပါတယ်။

XS
SM
MD
LG