သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ရွေးကောက်ပွဲ ဩဇာသုံးစွက်ဖက်မှု ကန်ဆန့်ကျင်


ထိုင်ဝမ် ဒုသမ္မတ William Lai ကို ထောက်ခံသူများ။ (ဇန်နဝါရီ ၆၊ ၂၀၂၄)
ထိုင်ဝမ် ဒုသမ္မတ William Lai ကို ထောက်ခံသူများ။ (ဇန်နဝါရီ ၆၊ ၂၀၂၄)

ထိုင်ဝမ်ရွေးကောက်ပွဲမှာ ပြင်ပစွက်ဖက်မှု ဒါမှမဟုတ် အလွန်အန္တရာယ်ကြီးတဲ့ ဩဇာပေးမှုကိုဆန့်ကျင်ကြောင်း အမေရိကန်က ပြောလိုက်ပါတယ်။

ထိုင်ဝမ်အပေါ် စစ်ရေး၊ သံတမန်ရေးနဲ့ စီးပွါးရေး ဖိအားပေးတာရပ်ဖို့ တရုတ်ကို တိုက်တွန်းကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဗွီအိုအေကို တနင်္လာနေ့က ပြောပါတယ်။ ဒီလုပ်ရပ်တွေအားလုံးဟာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့နဲ့လည်း ဆန့်ကျင်နေကြောင်း သူကဆိုပါတယ်။

ထိုင်ဝမ်ရွေးကောက်ပွဲက ဇန္နဝါရီ ၁၃ ရက်နေ့မှာ ကျင်းပမှာပါ။

ထိုင်ဝမ်ရဲ့ ဒီမိုကရေစီဖြစ်စဥ်ကို နက်နက်ရှိုင်းရှိုင်း ယုံကြည်ကြောင်း၊ ပြင်ပ စွက်ဖက်မှုကင်းရှင်းပြီး သူတို့ရဲ့ နောက်ခေါင်းဆောင်အတွက် ထိုင်ဝမ်မဲဆန္ဒရှင်တွေက မဲပေး ရွေးချယ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ထိုင်ဝမ်ကျွန်းပေါ်ကို ပူဖောင်းကြီးတွေ ထပ်ခါထပ်ခါ လွှတ်ပေးခြင်းအားဖြင့် တရုတ် ဟာ ထိုင်ဝမ်ပြည်သူတွေအပေါ် စိတ်ပိုင်းဆိုင်ရာစစ်ပွဲ ဆင်နွှဲ နှောင့်ယှက်နေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့က စွပ်စွဲထားတာပါ။ ပူဖောင်းကြီး ၃ လုံးဟာ ထိုင်ဝမ်ရေလက်ကြား အလယ်မျဥ်းကို ဖြတ်လာတာတွေ့ရတယ်လို့ တနင်္ဂနွေနေ့တုန်းကလည်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG