သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်း လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက် ICJ မှာ အစ္စရေး ငြင်းဆို


ပါလက်စတိုင်း လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက် ICJ မှာ ထွက်ဆိုနေချိန် ဆန္ဒဖော်ထုတ်ကြသူများ (ဇန်နဝါရီ ၁၂၊ ၂၀၂၄)
ပါလက်စတိုင်း လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက် ICJ မှာ ထွက်ဆိုနေချိန် ဆန္ဒဖော်ထုတ်ကြသူများ (ဇန်နဝါရီ ၁၂၊ ၂၀၂၄)

ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းတွေကို အစ္စရေးက လူမျိုးတုံးသတ်ဖြတ်နေတယ်လို့ဆိုပြီး တောင်အာဖရိကနိုင်ငံက ICJ နိုင်ငံတကာတရားရုံးမှာ တရားစွဲတဲ့အမှုအတွက် အစ္စရေးက ဒီနေ့ ခုခံချေပခဲ့ပါတယ်။ Genocide လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့အသုံးအနှုန်းကို အသုံးချနေကြတယ်လို့ အစ္စရေးအစိုးရရဲ့ တရားရေးဆိုင်ရာ အတိုင်ပင်ခံ Tal Becker ကပြောကြားပြီး စွပ်စွဲမှုတွေအပေါ် ပြင်းပြင်းထန်ထန် ပယ်ချခဲ့ပါတယ်။

နယ်သာလန်နိုင်ငံ The Hague မြို့က ICJ တရားရုံးမှာ ဒီအမှုကို ဇန်နဝါရီ ၁၁ ရက်ကနေ ဒီနေ့ ၁၂ ရက်အထိ ၂ ရက်ကြားနာပွဲ လုပ်တာဖြစ်ပါတယ်။ မနေ့ကတော့ တရားစွဲတဲ့တောင်အာဖရိကနိုင်ငံဘက်က ဂါဇာမှာ အစ္စရေးစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ အထောက်အထားတွေကို တရားရုံးကို တင်ပြလျှောက်ထားခဲ့ပါတယ်။ ပါလက်စတိုင်းပြည်သူတွေအပေါ် အစ္စရေးအစိုးရကိုယ်တိုင် လူမျိုးတုံးသတ်ဖြတ်မှုလုပ်နေတယ်လို့ဆိုတဲ့ တောင်အာဖရိကနိုင်ငံရဲ့ စွပ်စွဲမှုဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို လုံးဝ မှားယွင်း စွပ်စွဲတာဖြစ်တယ်လို့ အစ္စရေးဘက်က ဒီနေ့ ချေပပြောသွားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်ဆင်နေမှုကို ချက်ချင်းရပ်ဖို့ အပါအဝင် ကနဦးအရေးပေါ် ဆုံးဖြတ်ချက်တွေ ချမှတ်ပေးဖို့ တောင်အာဖရိကနိုင်ငံက တရားရုံးကို တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့နှစ်အောက်တိုဘာ ၇ ရက်က အစ္စရေးမြို့တွေအပေါ် Hamas စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်မှုအတွင်း ၁၂၀၀ ထက်မနည်းသေဆုံးခဲသလို ၂၅၀ လောက်ကိုလည်း ဓါးစာခံတွေအဖြစ် ဖမ်းဆီးသွားခဲ့ပါတယ်။

အဲဒါကြောင့် အစ္စရေးစစ်တပ်က Hamas တွေကို အမြစ်ဖြတ်ဖို့ဆိုပြီး ဂါဇာကမ်းမြောင်ဒေသအပေါ် ပိတ်ဆို့တိုက်ခိုက်နေတာမှာ ၂၃၀၀၀ ထက်မနည်းသေဆုံးတယ်လို့ ဂါဇာဒေသက ကျမ်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီထဲက ၇၀ ရာခိုင်နှုန်းလောက်က အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ကြတယ်လို့ ဂါဇာကမ်းမြောင်ဒေသကို အုပ်ချုပ်နေတဲ့ Hamas အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG