သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးသုဉ်းသတ်ဖြတ်မှုစွဲချက်နဲ့ ICJ မှာ အစ္စရေးအမှုရင်ဆိုင်ရမည်


ဂါဇာကမ်းမြောင်ဒေသမှာ စစ်ဆင်ရေးဝင်နေတဲ့ အစ္စရေးစစ်သားများ။
ဂါဇာကမ်းမြောင်ဒေသမှာ စစ်ဆင်ရေးဝင်နေတဲ့ အစ္စရေးစစ်သားများ။

ဂါဇာမှာ ဟာမတ်စ်နဲ့ဖြစ်တဲ့စစ်ပွဲအတွင်း လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်တယ်လို့ တောင်အာဖရိက-က စွဲဆိုထားတဲ့အတွက် နိုင်ငံတကာ တရားရုံး ICJ မှာ အစ္စရေးက တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဟာမတ်စ်ကိုတိုက်ခိုက်ရာမှာ ၁၉၄၈ လူမျိုးသုဥ်းသတ်ဖြတ်မှု နိုင်ငံတကာ သဘောတူညီချက်ပါ လိုက်နာရမယ့်တာဝန်တ္တရားတွေကို အစ္စရေးက ချိုးဖောက်ခဲ့တယ်လို့စွဲဆိုပြီး ICJ ကနေ အရေးပေါ် အမိန့်ထုတ်ပြန်ပေးဖို့ တောင်အာဖရိကနိုင်ငံက သောကြာနေ့တုန်းက တောင်းဆိုခဲ့တာပါ။

တောင်အာဖရိက ရဲ့ သွေးစွန်းရူးနှမ်းတဲ့ စွဲဆိုချက်ကို ချေပဖို့အတွက် THE HAGUE မြို့မှာရှိတဲ့ နိုင်ငံတကာတရားရုံး ICJ ကို အစ္စရေးနိုင်ငံက လာရောက်ရင်ဆိုင်ပါမယ်လို့ အင်တာနက်ကနေကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အစ္စရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ အေလွန် လဗီး (Eylon Levy) က ပြောကြားခဲ့ပါတယ်။ ဒီ စွဲဆိုချက်က အခြေအမြစ်မရှိဘူးလို့ အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဆိုပါတယ်။

အစ္စရေး သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ နိုင်ငံထူထောင်ရေးအတွက် ပါလက်စတိုင်းတွေကို တောင်အာဖရိက-က ထောက်ခံခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ပါလက်စတိုင်းတွေ ရဲ့အတိဒုက္ခဟာ တောင်အာဖရိက လူဖြူလူမည်းခွဲခြားရေးစနစ်အောက် က လူမည်းတွေရဲ့အတိဒုက္ခအတိုင်းဖြစ်တယ်လို့ တောင်အာဖရိက-က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG