သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှင်ဒေဝီအပေါ် ထောင်ဒဏ်တသက် ချမှတ်မှု HRW ရှုတ်ချ


မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီ (Photo: SDW facebook)
မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီ (Photo: SDW facebook)

ရှင်ဒေဝီအပေါ် ထောင်ဒဏ်တသက် ချမှတ်မှု HRW ရှုတ်ချ

မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ တဦးဖြစ်တဲ့ ရှင်ဒေဝီကို အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မတွေနဲ့ ဇန်နဝါရီ ၁၀ ရက်နေ့က ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်တာဟာ သတင်းမီဒီယာတွေအပေါ် တောက်လျောက်ဖိနှိပ်နေတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးလုပ်ရပ်တခုဖြစ်တယ်လို့ သောကြာနေ့ ထုတ်ပြန်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ရဲ့ ကြေညာချက်မှာ ဖေါ်ပါတယ်။

ရှင်ဒေဝီရဲ့ခင်ပွန်းဖြစ်သူက ပြောဆိုရာမှာတော့ − အင်းစိန်ထောင်ကို မလွှဲပြောင်းခင်အချိန်ထိ ရှင်ဒေဝီကို ၂ ပတ်ကြာလောက် ဘယ်နေရာမှန်း မသိတဲ့နေရာမှာ ရဲတွေက ဖမ်းဆီးခဲ့ကြောင်း၊ အဲဒီနောက် ထောင်တွင်း သတင်းတွေကတဆင့် ပြန်သိရတာကတော့ ရှင်ဒေဝီရဲ့ လက်တွေမှာ အရှိုးရာနဲ့ ပွန်းပဲ့ဒဏ်ရာတွေမြင်ရပြီး ဦးခေါင်းမှာ ချုပ်ရိုးဒဏ်ရာလို မြင်ရတာကြောင့် စစ်ကြောရေးမှာ နှိပ်စက် ခံရပုံရတယ်လို့ ခင်ပွန်းဖြစ်သူက ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ဒေသမှာ မိုခါ မုန်တိုင်းသတင်း ရေးသားဖေါ်ပြခဲ့တဲ့ အသက် ၄၀ အရွယ် သတင်းထောက် စိုင်းဇော်ထိုက် ကိုလည်း စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ Myanmar Now သတင်းထောက်တဦးကို ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာလည်း ထောင်ဒဏ် အနှစ်(၂၀)ချခဲ့ကြောင်း HRW ကပြောပါတယ်။

မြန်မာစစ်ကောင်စီဟာ လွတ်လပ်စွာ သတင်းတင်ပြမှုနဲ့ ဝေဖန်သုံးသပ် ရေးသားတဲ့ သတင်းထောက်တွေကို အကြိမ်ကြိမ် တိုက်ခိုက်ဖိနှိပ်နေတာဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ကို ချိုးဖေါက်နေရာ ရောက်တယ်လို့ HRW က ထောက်ပြပါတယ်။

မျှတတဲ့ တရားစီရင်မှုမရှိပဲ ၊ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံလိုက်ရတဲ့ ရှင်ဒေဝီနဲ့ စိုင်းဇော်ထိုက် အပါအဝင် အခြားသော ထိန်းသိမ်းခံနေရတဲ့ သတင်းမီဒီယာသမားတွေကို အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း HRW ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG