သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ လီသီယမ် တန်ချိန် ၁၅ သန်းနီးပါးတွေ့ 


ချီလီနိုင်ငံက လီသီယမ်သတ္တုတွင်းကထွက်ရှိတဲ့ လီသီယမ်များကိုထုပ်ပိုးထားစဉ် (စက်တင်ဘာ ၁၂၊ ၂၀၂၂)
ချီလီနိုင်ငံက လီသီယမ်သတ္တုတွင်းကထွက်ရှိတဲ့ လီသီယမ်များကိုထုပ်ပိုးထားစဉ် (စက်တင်ဘာ ၁၂၊ ၂၀၂၂)

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င ခရိုင်ထဲက နေရာနှစ်ခုမှာ လစ်သီယံသတ္တု တန်ချိန် ၁၄ သန်းနဲ့ ၈ သိန်းလောက် တွေ့ရှိတဲ့အကြောင်း ထိုင်း အစိုးရ လက်ထောက် ပြောခွင့်ရ Rudklao Intawong Suwankiri က The Nation ရုပ်သံ အစီအစဉ်ကို ပြောဆိုပါတယ်။ လစ်သီယံ သတ္တု ကို လျှပ်စစ်ကားတွေမှာ အဓိက သုံးတဲ့ ဘက်ထရီအတွက် အသုံးပြုသလို တခြား စမတ်ဖုန်းတွေ အီလက်ထရောနစ် ပစ္စည်းတွေအတွက်လည်း အသုံးပြုပါတာပါ။

အခု ရှာဖွေတွေ့တဲ့အထဲက ဘယ်လောက်အထိ သုံးနိုင်မလဲဆိုတာ ဆန်းစစ်နေတယ်လို့လည်း ထိုင်း အစိုးရ ဒုတိယ ပြောခွင့်ရ က ပြောပါတယ်။ ထိုင်းနိုင်ငံကို ဒေသအတွင်း လျှပ်စစ်ကားတွေ အဓိက ထုတ်တဲ့ နေရာတခု ဖြစ်ရေး ကြိုးပမ်းသွားမဲ့အကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောဆိုထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ Davos မှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေး ညီလာခံမှာ ထိုင်းနိုင်ငံမှာ လျှပ်စစ်ကားထုတ်လုပ်တဲ့ လုပ်ငန်းတွေ ပိုပြီး ရင်းနှီးမြုပ်နှံဖို့ စက်မှု လုပ်ငန်းရှင်တွေကို တွေ့ဆုံ ဖိတ်ကြားခဲ့ပါတယ်။ နိုင်ငံတွင်း လစ်သီယံ သတ္တုတွေ ရှာဖွေတွေ့တဲ့အတွက် လျှပ်စစ်ကား ဘက်ထရီတွေ ထုတ်လုပ်ရေး တခြားနိုင်ငံတွေကို အားကိုးစရာမလိုဘဲ ထိုင်းနိုင်ငံအနေနဲ့ ကိုယ်ပိုင်ပိုပြီး ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်တဲအကြောင်း အစိုးရ လက်ထောက် ပြောခွင့်ရ Rudklao က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG