သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ဂိုနိုင်ငံ နှစ်(၆၀)အတွင်း အဆိုးဝါးဆုံး ရေဘေးကြုံ

People cross floodwaters in the Pompage district in Kinshasa, Democratic Republic of Congo, on Jan. 9, 2024, following heavy rains. Regional flooding left some 350,000 people in need of humanitarian aid in neighboring Republic of Congo.

ကွန်ဂို သမ္မတနိုင်ငံမှာ နှစ်ပေါင်း ၆၀ အတွင်း အဆိုးဝါးဆုံး ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၃ သိန်းခွဲကျော် လူသားစာနာမှုအကူညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားစာနာမှုဆိုင်ရာ ရုံးက သောကြာနေ့မှာ ပြောပါတယ်။

ကွန်ဂိုနိုင်ငံရဲ့ ပြည်နယ် ၁၂ ခုမှာ ၉ ခုဟာ မနှစ်က မိုးသည်းထန်မှုကြောင့် ရေလွှမ်းတဲ့ ဒဏ်ခံခဲ့ရပြီး ဒေသခံ ၂ သန်း နီးပါးကို ဒုက္ခရောက်စေတယ်လို့ ဂျနီဗာ ကုလသမဂ္ဂ UN – OCHA ရုံး ပြောခွင့်ရက ပြောပါတယ်။

ဒေသတွင်း ကျေးရွာတွေ၊ ကျောင်းတွေက ကျန်းမာရေး စောင့်ရှောက်မှု ဌာနတွေလည်း ရေလွှမ်းတဲ့ ဒဏ်ကြောင့် မလည်ပတ်နိုင်တော့ပဲ ဒေသခံတွေဟာလည်း ခိုလှုံစရာနေရာ မရှိတဲ့အပြင် အခြေခံ ကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်ကုသမှုတွလည်း မရပဲ ဖြစ်ကုန်တယ် လို့ ပြောပါတယ်။ ကျေးရွာဒေသခံ အများအပြားဟာ အခုချိန်အထိ လှေတွေနဲ့ သွားလာနေရတာ ဖြစ်ပြီး အရေးပေါ် လူသားစာနာမှု အကူညီ လိုအပ်သူက ၃ သိန်းခွဲ ကျော်ရှိနေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။

သူတို့အတွက် အရေးပေါ် အကူအညီအဖြစ် ကုလသမဂ္ဂက ဒေါ်လာ ၃.၆ သန်း ချထားပေးခဲ့ပေမယ့် လူပေါင်း ၃ သိန်းခွဲကျော် ဒုက္ခရောက်နေတာကြောင့် နောက်ထပ် လိုအပ်နေဆဲဖြစ်ပြီး နိုင်ငံတကာက ပံ့ပိုးကူညီကြဖို့လည်း တောင်းဆိုထားပါတယ်။

မနှစ်က ရာသီဥတု ဆိုးဝါးခဲ့တာကြောင့် ကွန်ဂို၊ ကင်ညာနဲ့ အာဖရိက အလယ်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေမှာ ရေကြီး ရေလျှံမှု ဒဏ်ခံခဲ့ရတဲ့ အတွက် သေဆုံးရသူ ရာနဲ့ချီ ရှိနေသလို ထောင်ပေါင်းများစွာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG