သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျာ အာဏာသိမ်းစစ်တပ်ရဲ့  ဒီမိုကရေစီကူးပြောင်းရေး အစီအစဉ် ECOWAS ပယ်ချ


နိုင်ဂျာနိုင်ငံ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ် Abdourahamane Tiani
နိုင်ဂျာနိုင်ငံ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ် Abdourahamane Tiani

နိုင်ဂျာနိုင်ငံ ဒီမိုကေရစီအသွင်ကူးပြောင်းရေးအတွက် အချိန် ၃ နှစ်လိုမယ်ဆိုတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်ကို အနောက်အာဖရိကနိုင်ငံတွေက ပယ်ချလိုက်ပါတယ်။

စစ်အာဏာသိမ်းထားတဲ့နိုင်ဂျာနိုင်ငံကို စစ်ရေးနည်းနဲ့ ဝင်ရောက်ဖြေရှင်းမလားဆိုတာ အိမ်နီးချင်းတိုင်းပြည်တွေက ချင့်ချိန်နေကြတာပါ။ သမ္မတ Mohamed Bazoum ကို ပြီးခဲ့တဲ့လမှာ ရာထူးကဖယ်ရှားခဲ့တဲ့ စစ်ဗိုလ်ချုပ် Abdourahamane Tiani က အရပ်သားအစိုးရလက်ထဲ အာဏာပြန်လွှဲမပေးသေးဘူးလို့ ကြေညာခဲ့ပါတယ်။ နိုင်ဂျာနိုင်ငံကို နောက်ဆုံးလာရောက်ခဲ့ကြတဲ့ အာဖရိက စီးပွါးရေးပူးပေါင်းဆောင်ရွက်နေတဲ့ ECOWAS ကိုယ်စားလှယ်တွေက မစ္စတာ Baxoum ကို မူလရာထူးပြန်ပေးအပ်နိုင်အောင် အင်အားသုံးမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပြီးတဲ့နောက် စစ်ဗိုလ်ချုပ် Tiani ရဲ့ ခုလို ပြောဆိုချက်ထွက်လာတာဖြစ်ပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အချိန် ၃ နှစ်ယူမယ်ဆိုတာ လက်မခံနိုင်ဘူးလို့ ECOWAS ရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Abdel-Fatau Musah က Al Jazeera သတင်းဌာနက တနင်္လာနေ့မှာ ထုတ်လွှင့်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောဆိုခဲ့ပါတယ်။ နိုင်ဂျာနိုင်ငံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံပါ အမိန့်ညွှန်ကြားချက်တွေ အမြန်ဆုံး ပြန်လည်ကျင့်သုံးဖို့ လိုလားပါတယ်လို့လည်း ပြောဆိုသွားပါတယ်။

စစ်ဗိုလ်ချုပ် Tiani ကလည်း ECOWAS ဟာ ပြည်ပစစ်တပ်တခုနဲ့ ပူးပေါင်းပြီး နိုင်ဂျာကို တိုက်ခိုက်ဖို့ပြင်ဆင်နေတယ်လို့ စနေနေ့ ရုပ်သံမိန့်ခွန်းမှာ စွပ်စွဲပြောဆိုသွားပါတယ်။ ဘယ်နိုင်ငံလဲ ဆိုတာကိုတော့ ပြောဆိုမသွားပါဘူး။ အဲဒီလိုတိုက်ခိုက်လာမယ်ဆိုရင်တော့ တချို့လူတွေ ထင်မြင်နေသလို ပန်းခြံထဲမှာ လမ်းလျှောက်ရသလိုတော့ ဖြစ်မှာမဟုတ်ဘူးလို့လည်း စစ်ဗိုလ်ချုပ် Tiani ကပြောဆိုခဲ့ပါတယ်။

 နိုင်ဂျာ အာဏာသိမ်းစစ်တပ်ရဲ့ ဒီမိုကရေစီကူးပြောင်းရေး အစီအစဉ် ECOWAS ပယ်ချ
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG