သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဖို့ အနောက်အာဖရိကကိုယ်စားလှယ်အဖွဲ့ စေလွှတ် 


အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း (ECOWAS) အဖွဲ့ ဝင်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေ နိုင်ဂျီးရီးယားနိုင်ငံ၊ အဘူဂျာမြို့မှာ တွေ့ဆုံကြစဥ်။ (သြဂုတ် ၂၊ ၂၀၂၃)
အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း (ECOWAS) အဖွဲ့ ဝင်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေ နိုင်ဂျီးရီးယားနိုင်ငံ၊ အဘူဂျာမြို့မှာ တွေ့ဆုံကြစဥ်။ (သြဂုတ် ၂၊ ၂၀၂၃)

အရင်အပတ်က အာဏာသိမ်းခဲ့တဲ့ နိုင်ဂျာကစစ်ခေါင်းဆွေတွေနဲ့ညှိနှိုင်းဖို့အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း(ECOWAS) က ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ဗုဒ္ဓဟူးနေ့က စေလွှတ်လိုက်ပါတယ်။ ဒေသဆိုင်ရာ အဖွဲ့အနေနဲ့ ကြားဝင်တာမျိုးလုပ်ဖို့ မဆုံးဖြတ်မီ သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

နိုင်ဂျာနိုင်ငံဆိုင်ရာ ECOWAS ကိုယ်စားလှယ်အဖွဲ့ကို နိုင်ဂျီးရီးယားစစ်တပ်ခေါင်းဆောင်ဟောင်း အဗ္ဗဒူလ် ဆလာမီ အဘူဘာကာ (Abdulsalami Abubakar) က ဦးဆောင်ပြီး နိုင်ဂျာ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှာပါ။ အဘူဘာကာဟာ အငြိမ်းစား စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး နိုင်ဂျီးရီးယား နိုင်ငံ့အကြီးအကဲအဖြစ် တနှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပပြီး အရပ်သား အစိုးရကို အာဏာပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ အတွေ့အကြုံ ရှိသူ ဖြစ်ပါတယ်။

အခုလောလောဆယ်မှာတော့ ECOWAS က နိုင်ဂျာအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားသလို အာဏာသိမ်းခေါင်းဆောင်တွေအနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က စတင်ပြီး တပတ်အတွင်း ရွေးကောက်ခံသမ္မတ Mohamed Bazoum ကို အာဏာပြန်မလွှဲရင် အင်အားသုံးဖြေရှင်းဖို့ ခွင့်ပြုမယ်ဆိုပြီး ရာဇသံပေးထားတာပါ။

"စစ်ရေးနဲ့ဖြေရှင်းဖို့ကို နောက်ဆုံးကျမှ စဥ်းစားမှာဖြစ်ပေမယ့် ဒီ့အတွက်တ ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားရမယ်။" လို့ အနောက်အာဖရိကနိုင်ငံများ အဖွဲ့ရဲ့ နိုင်ငံရေးရေး၊ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ မဟာမင်းကြီး Abdel-Fatau Musah က ပြောပါတယ်။

“ကျနော်တို့ အပြောချည်းမဟုတ်ဘဲ လက်တွေ့လုပ်မယ်ဆိုတာကို သက်သေပြဖို့ လိုတယ်” လို့ Abdel-Fatau Musah က နိုင်ဂျီးရီးယားနိုင်ငံမြို့တော် Abuja မှာ ဒေသတွင်းကာကွယ်ရေး အကြီးအကဲတွေ နှစ်ရက်ကြာ အစည်းအဝေးစတင်ခဲ့တဲ့ အချိန်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒေသတွင်းက နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်တဲ့ ECOWAS အဖွဲ့က အခုလို နိုင်ဂျာ အာဏာသိမ်းမှုအပေါ် ပြင်းပြင်းထန်ထန်တုံ့ပြန်နေတာကို စစ်အာဏာရှင်တွေ အုပ်ချုပ်နေတဲ့ အဖွဲ့ဝင် နှစ်နိုင်ငံဖြစ်တဲ့ မာလီနဲ့ ဘာကီနာဖာဆိုတို့ကတော့ ဆန့်ကျင်ပြီး နိုင်ဂျာကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုမှန်သမျှကို သူတို့အပေါ် စစ်ကြေညာတာလို့ သတ်မှတ်ကြောင်း တန်ပြန်ထားပါတယ်။

ECOWAS အဖွဲ့ဟာ အနောက်အာဖရိကမှာ ဒီမိုကရေစီ ဆုတ်ယုတ်လာနေတာကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရတာပါ၊ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ ပြီးခဲ့တဲ့ ၂ နှစ် အတွင်း မာလီ၊ ဘာကီနာဖာဆိုနှင့် ဂီနီ နိုင်ငံတွေမှာ အာဏာသိမ်းပွဲတွေ ဆက်တိုက် ဖြစ်ခဲ့ပြီ ဂီနီဘစ်ဆော (ဂီနီဘစ်ဆော) မှာလည်း အာဏာသိမ်းဖို့ ကြံစည်မှု ဖြစ်ခဲ့လို့ ဒေသတွင်းမှာ နောက်ထပ် အာဏာသိမ်းမှာမျိုးကို အဖွဲ့ဝင်နိုင်ငံအများစုက သည်းမခံနိုင်တော့ဘဲ ကန့်ကွက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG