သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Niger က ကန်တပ်ဖွဲ့ ပါဝင်မှု လွှတ်တော်အမတ်တွေ ရှင်းလင်းချက်တောင်းဆို


အောက်တိုဘာ၄ ရက်နေ့က Niger နိုင်ငံမှာ ကျဆုံးသွားတဲ့ ကန်စစ်သားများ။
အောက်တိုဘာ၄ ရက်နေ့က Niger နိုင်ငံမှာ ကျဆုံးသွားတဲ့ ကန်စစ်သားများ။

Niger နိုင်ငံမှာ အမေရိကန်စစ်ဘက်က ပါဝင်ပတ်သက်နေတဲ့ကိစ္စ အစိုးရအနေနဲ့ ပိုပြီး ချပြပြောဆိုဖို့ ထင်ရှားတဲ့ အထက် လွှတ်တော်အမတ်တွေက တနင်္ဂနွေနေ့မှာ တောင်းဆိုကြပါတယ်။ ဒီလအစောပိုင်းက Niger မှာ ခြုံခိုတိုက်ခိုက်ခံရတာကြောင့် အမေရိကန်စစ်သားလေးဦး ကျဆုံးခဲ့ရပြီးတဲ့နောက် အခုလို တောင်းဆိုလာကြတာပါ။

တိုက်ခိုက်မှုအသေးစိတ်ကို သိရဖို့နဲ့ Niger က IS အစွန်းရောက်တွေကို နှိမ်နင်းတာမှာ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုပမာဏ ကို သိရအောင်လုပ်ဖို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ ရီပန်ဘလီကန် အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းရဲ့ကြိုးပမ်းမှုကို သူတို့ ထောက်ခံတဲ့အကြောင်း NBC ရုပ်သံဌာနရဲ့ Meet the Press အစီအစဉ်နဲ့ သီးခြားစီလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းတွေအတွင်း ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Lindsey Graham နဲ့ ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်ခေါင်းဆောင် Charles Schumer တို့ နှစ်ဦးလုံးက ပြောသွားပါတယ်။

Niger မှာ အမေရိကန်တပ်ဖွဲ့ဝင် အတော်များများရှိနေတာ သူတို့ သိမထားဘူးလို့ မစ္စတာ Graham ကရော မစ္စတာ Schumer ကပါ ပြောပါတယ်။

"Niger မှာ တပ်ဖွဲ့ဝင် ၁၀၀၀ ရှိနေတာ ကျနော်မသိခဲ့ပါဘူး၊ ဒါဟာ နယ်မြေအတားအဆီးမဲ့ အဆုံးမသတ်တဲ့ စစ်ပွဲတပွဲဖြစ်ပြီး အချိန် နဲ့ ပထဝီအနေအထား အကန့်အသတ်မရှိပါဘူး၊ ကျနော်တို့ကို ပိုပြီးအသိပေးရပါမယ်" လို့ မစ္စတာ Graham ကပြောပါတယ်။

ဒါကို ဂရုတစိုက်ကြည့်ဖို့လိုပါတယ်၊ ဒီနေရာဟာ အကြောက်အလန့်မဲ့ ကမ္ဘာသစ်တခုပါ၊ အသေအချာ ရေးဆွဲထားတဲ့ စစ်ပွဲစီမံကိန်း တွေမရှိပါဘူးလို့ မစ္စတာ Schumer ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG