သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ဖြုတ်ချထားတဲ့သမ္မတကိုပြန်တင်ဖို့ ရာဇသံ နိုင်ဂျာစစ်တပ် ဘယ်လိုတုံ့ပြန်မလဲ


နိုင်ဂျာအာစာသိမ်းစစ်တပ်ကို ထောက်ခံသူများ (သြဂုတ်လ ၆၊ ၂၀၂၃)
နိုင်ဂျာအာစာသိမ်းစစ်တပ်ကို ထောက်ခံသူများ (သြဂုတ်လ ၆၊ ၂၀၂၃)

သမ္မတကို ပြန်တင်ပေးဖို့ နိုင်ဂျာ အာဏာသိမ်းစစ်တပ်ကို ရာဇသံပေးထားတဲ့ရက် ရောက်လာခဲ့ပါပြီ။ ဒါပေမဲ့ စစ်ရေးအရ ဝင်ရောက်ဆောင်ရွက်မယ်လို့ ပြောထားတဲ့ အနောက်အာဖရိကဒေသနိုင်ငံများအဖွဲ့ဟာ ပိုပြီး ငြိမ်းချမ်းတဲ့နည်းလမ်း အသုံးပြုဖို့ တင်ပြတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ECOWAS လို့ အတိုအားဖြင့်သိကြတဲ့ ဒီ ဒေသဆိုင်ရာနိုင်ငံများအဖွဲ့ရဲ့ဥက္ကဋ္ဌ နိုင်ဂျီးရီးယားသမ္မတကို ပိုပြီး ငြိမ်းချမ်းတဲ့နည်းလမ်းအသုံးပြုဖို့ နိုင်ဂျီးရီးယား အထက်လွှတ်တော်က စနေနေ့က တိုက်တွန်းလိုက်တာပါ။ အဲဒီလို တိုက်တွန်းပေမဲ့ ECOWAS ဟာ အဖွဲ့ဝင်နိုင်ငံများရဲ့ သဘောတူမျှချက်နဲ့လုပ်ဆောင်တာမို့ ရာဇသံပေးထားတဲ့အတိုင်း စစ်ရေးနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုနည်းလမ်း ရဲ့အကျိုးဆက်တွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကတော့ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။

ECOWAS အဖွဲ့ဝင်မဟုတ်ဘဲ အဖွဲ့ဝင်နိုင်ငံတွေရဲ့အိမ်နီးချင်း အယ်ဂျီးရီးယား (Algeria) နဲ့ ချဒ် (Chad) နိုင်ငံတို့ကလည်း အင်အားအသုံးပြုမှာကို ဆန့်ကျင်ထားကြပါတယ်။ အခြား အိမ်နီးချင်းတွေဖြစ်ကြတဲ့ Mali နဲ့ Burkina Faso နိုင်ငံတွေ မှာတော့ အာဏာသိမ်းစစ်တပ်ကပဲ အုပ်ချုပ်နေတာဖြစ်ပြီး ECOWAS က စစ်ရေးနည်းလမ်းနဲ့ စွက်ဖက်မယ်ဆိုရင် ဒါဟာ သူတို့ကို စစ်ကြေညာတာပဲဖြစ်တယ်လို့ ပြောကြပါတယ်။ အီကိုဝါ့စ် ကိုယ်စားလှယ်အဖွဲ့က နိုင်ဂျာကိုသွားခဲ့ပေမဲ့ အာဏာသိမ်း အဖွဲ့ခေါင်းဆောင်ကို တွေ့ခွင့်မရခဲ့ကြပါဘူး။ ရာဇသံပေးထားတဲ့ ရက်နောက်ပိုင်းမှာ အီကိုဝါ့စ်က ဘာဆက်လုပ်မယ်ဆိုတာကို မသိရသေးပါဘူး။

ဆာဟဲဒေသ အကြမ်းဖက်မှုဆန့်ကျင်ရေးမှာ နိုင်ဂျာနိုင်ငံကို နောက်ဆုံး အဓိက မိတ်ဘက်နိုင်ငံအဖြစ် အမေရိကန်နဲ့ မဟာမိတ်တွေက သဘောထားကြတာမို့ နိုင်ဂျာအာဏာသိမ်းမှုဟာ အမေရိကန်အပေါ် အကြီးမားဆုံးထိုးနှက်ချက်လည်း ဖြစ်ပါတယ်။ နိုင်ဂျာနိုင်ငံမှာ အမေရိကန်စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ် ၁,၁၀၀ နဲ့ ပြင်သစ်စစ်သား ၁,၅၀၀ တို့ ရှိနေကြပါတယ်။

အနောက်အာဖရိကဒေသနိုင်ငံတွေဟာ အာဏာသိမ်းမှု၊ အစ္စလာမ် အစွန်းရောက်ဝါဒ၊ ရုရှား နဲ့ သူ့ ကိုယ်စားလှယ် ဝဂ်နာ ကြေးစားစစ်တပ် အပေါ် တိမ်းညွတ်မှု အစရှိတဲ့ နိုင်ငံ‌ရေး ပြဿနာတွေ နဲ့ ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG