သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျာအာဏာသိမ်းစစ်တပ် Wagner ကြေးစားတပ်ကို အကူအညီတောင်းခံ (ကျွမ်းကျင်တဲ့သုံးသပ်သူတဦး)


နိုင်ဂျာနိုင်ငံ စစ်အာဏာသိမ်းအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် Salifou Mody
နိုင်ဂျာနိုင်ငံ စစ်အာဏာသိမ်းအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် Salifou Mody

အာဖရိကတိုက်အနောက်ပိုင်းမှာရှိတဲ့ နိုင်ဂျာနိုင်ငံမှာ သမ္မတ Mohamed Bazoum ကိုဖြုတ်ချပြီး အာဏာသိမ်းထားတဲ့ စစ်တပ်အဖွဲ့သစ်အနေနဲ့ သမ္မတကိုပြန်လွှတ်ပြီး အာဏာပြန်မအပ်ရင် စစ်ရေးအရအရေးယူမှုနဲ့ ရင်ဆိုင်ရဖို့ရှိတယ်လို့ အနောက်အာဖရိကန်ဒေသနိုင်ငံများ စီးပွါးရေး ပူးပေါင်းဆောင်ရွက်တဲ့ ECOWAS အဖွဲ့က ပေးထားတဲ့သတ်မှတ်ရက် နီးလာချိန်မှာပဲ စစ်တပ်ဖွဲ့သစ်က ရုရှားကြေးစားတပ်ဖွဲ့ Wagner ဆီက အကူညီတောင်းခံခဲ့ တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

အာဏာသိမ်းတပ်ဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Salifou Mody ဟာ Wagner အဖွဲ့လှုပ်ရှားနေတဲ့ အိမ်နီးချင်းမာလီနိုင်ငံကို လာရောက်ချိန်အတွင်း Wagner အဖွဲ့က လူတယောက်နဲ့ ဆက်သွယ်ခဲ့တယ်လို့ Soufan Center အကြီးတန်းသုတေသနမှူးဖြစ်တဲ့ သတင်းထောက် Wassim Nasr က AP သတင်းဌာနကို ပြောပါတယ်။ ဒါ့အပြင် ဒီစစ်တပ်ဖွဲ့ဟာ အာဏာတည်မြဲရေးအတွက် Wagner အဖွဲ့အကူညီလိုအပ်နေပြီး အခုလို အကူညီတောင်းခံမှုကိုလက်ခံဖို့ Wagner အဖွဲ့က စဉ်းစားနေကြောင်းလည်း ပြောပါတယ်။

အခုလို တွေ့ဆုံတဲ့သတင်းကို France 24 သတင်းဌာနက ပထမဆုံး ဖေါ်ပြခဲ့တာဖြစ်ပြီး ဒါကို ပြင်သစ်သံတမန်တဦးကရော မာလီက သတင်းအရင်းအမြစ်တွေကပါ အတည်ပြုခဲ့သလို အနောက်နိုင်ငံ စစ်တပ်အရာရှိတဦးကလည်း အတည်ပြုခဲ့တာပါ။

ကြာသပတေးနေ့က ကြားဝင်ညှိနှိုင်းပေးမယ့်အဖွဲ့ကို နိုင်ဂျာနိုင်ငံကို စေလွှတ်ခဲ့ပေမယ့် အာဏာသိမ်းထားတဲ့ ဗိုလ်ချုပ်ကြီး Abdourahamane Tchiani နဲ့တွေ့ဆုံခွင့်မရခဲ့တဲ့အပြင် မြို့ထဲလည်းအဝင်မခံခဲ့တဲ့နောက် ECOWAS အဖွဲ့ဝင်နိုင်ငံတွေ ကာကွယ်ရေးဝန်ကြီးတွေက ကြားဝင်ဖြေရှင်းမယ့် အစီအစဉ်ကို သောကြာနေ့မှာအပြီး ရေးဆွဲခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်အဖွဲ့ အနေနဲ့ ဒီမိုကရေစီနည်းကျ တင်မြှောက်ထားတဲ့ သမ္မတကို ပြန်လွှတ်ပြီး အာဏာပြန်အပ်ဖို့နဲ့ တနင်္ဂနွေနေ့ နောက်ဆုံးထား ပြန်မလွှတ်ရင် စစ်ရေးအရကိုအရေးယူဖို့ ဖြစ်လာနိုင်ကြောင်း ECOWAS အဖွဲ့က သတိပေးထားတာ ဖြစ်ပါတယ်။

မာလီက ပြန်လာပြီးနောက်မှာ ဗိုလ်ချုပ်ကြီး Mody က အခုလို စစ်ရေးနဲ့ ကြားဝင်မယ်ဆိုရင် လစ်ဗျားလိုဖြစ်လာမယ်လို့ သောကြာနေ့မှာပဲ နိုင်ဂျာအစိုးရရုပ်သံကနေ တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG