သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီမှာ နှစ် ၇၀ ကျော်အကြာ ပထမဆုံး အရက်ဆိုင်ဖွင့်


ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့တနေရာ (ဇန်နဝါရီ ၁၈၊ ၂၀၂၄)
ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့တနေရာ (ဇန်နဝါရီ ၁၈၊ ၂၀၂၄)

ဆော်ဒီအာရေဗျနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော် အတွင်းမှာ အရက်ဆိုင်တဆိုင်ကို ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီအရက်ဆိုင်ကို ဆော်ဒီနိုင်ငံမြို့တော် ရီယာ့ဒ်မြို့မှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ အရက်ဆိုင်ကို လူကိုယ်တိုင်သွားရောက်ခဲ့တဲ့ သံတမန်တဦးက မနေ့ ဗုဒ္ဓဟူးနေ့က AP သတင်းဌာနကို ပြောလိုက်တာဖြစ်ပါတယ်။

အခုလိုမျိုး အရက်ဆိုင်ဖွင့်ခွင့်ပေးလိုက်တဲ့အတွက် တချိန်က အလွန်ကိုရှေးရိုစွဲဆန်တဲ့ ဘုရင်နိုင်ငံဖြစ်ပြီး အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ နေရာတွေရှိရာ ဆော်ဒီနိုင်ငံကို လူမှုရေးအရ တင်းကြပ်ထားတာတွေကို လျှော့ပေါ့ပြီး ပိုပြီးတော့ လွတ်လပ်ခွင့်ပေးလာတာ ဖြစ်ပါတယ်။ ဆော်ဒီနိုင်ငံရဲ့ အိမ်ရှေ့မင်းသား Mohammed bin Salman က ဆော်ဒီနိုင်ငံကို ရေနံအပေါ်မီခိုနေရတဲ့ နိုင်ငံအဖြစ်ကနေ ဖြည်းဖြည်းချင်း စွန့်ခွါပြီး ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စီးပွားရေးအချက်အချာကျတဲ့နေရာအဖြစ် ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။

အရက်ဆိုင်ကိုတော့ မွတ်စလင်မဟုတ်တဲ့ သံတမန်တွေအတွက်ပဲ ကန့်သတ်ထားပြီး၊ ဒီအရက်ဆိုင်ဟာ ရီယာ့ဒ်မြို့က သံတမန်ရပ်ကွက်က စူပါမားကတ်ဆိုင်ကြီးဘေးမှာဖွင့်ထားတာဖြစ်တယ်လို့ အဲဒီအမည်မဖော်လိုတဲ့သံတမန်ကပြောပါတယ်။ ဒီဆိုင်ဟာနိုင်ငံတကာ လေဆိပ်တွေမှာ အခွန်ပေးဆောင်စရာမလိုတဲ့ duty free ဆိုင်တွေကို အဆင့်မြင့်ထားတဲ့ ဆိုင်နဲ့ ဆင်တယ်လို့လည်း သူကပြောပါတယ်။

အဲဒီအရက်ဆိုင်မှာ အခုလောလောဆယ်တော့ အရက်အပြင် ဝိုင်နဲ့ ဘီယာ အမျိုးအစား ၂ ခု ရတယ်လို့ ပြောပါတယ်။ ဆိုင်မှာလုပ်နေတဲ့ ဝန်ထမ်းတွေကတော့ ဆိုင်ကိုလာတဲ့သူတွေကို သံတမန်ကတ်ပြားပြဖို့ နဲ့ ဆိုင်ထဲမှာရှိနေချိန်မှာ လက်ကိုင်ဖုန်းတွေကို အိတ်ထဲမှာ ထည့်ထားဖို့ ပြောပါတယ်။
ဆော်ဒီနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်တဲ့ ဒီအရက်ဆိုင်နဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေက မေးမြန်းတဲ့အပေါ်မှာတော့ ဆော်ဒီအာဏာပိုင်တွေ ဘက်က အခုချိန်ထိ တစုံတရာ တုံ့ပြန်ဖြေကြားတာမရှိသေးပါဘူး။

ဆော်ဒီမှာ နှစ် ၇၀ ကျော်အကြာ ပထမဆုံး အရက်ဆိုင်ဖွင့်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG