သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တရုတ်၊ ထိုင်း သံအမတ်တွေနဲ့ နေပြည်တော်မှာ သီးခြားစီတွေ့ဆုံ


မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ Chen Hai
မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ Chen Hai

မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ Chen Hai နဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ Mongkol Visitstump တို့ကို နေပြည်တော်မှာ သီးခြားစီတွေ့ဆုံပြီး နယ်စပ်တည်ငြိမ်ရေးနဲ့ နှစ်နိုင်ငံ ပူးဆောင်ဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးတဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်း ဒေသတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ ပိုပြီး ပြင်းထန်နေတဲ့အချိန် မြန်မာစစ်တပ်ဘက်က နယ်မြေနဲ့ ကင်းစခန်းတွေ ဆက်တိုက်ဆိုသလို ဆုံးရှုံးနေတဲ့ သတင်းတွေ ထွက်နေချိန်မှာ အိမ်နီးချင်းနိုင်ငံတွေထဲက အဓိက နီးစပ်တဲ့ ထိုင်းနဲ့ တရုတ်နိုင်ငံ သံအမတ်ကြီးတွေကို စစ်ကောင်စီဘက်က ခေါ်ယူတွေ့ဆုံတာပါ။

တရုတ်နယ်ခြား ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကအကြား တိုက်ပွဲတွေ အဆုံးသတ်ပြီး အပစ်အခတ်ရပ်စဲရေး တရုတ်နိုင်ငံကြားဝင်ဆောင်ရွက်နေချိန်မှာ တရုတ်နိုင်ငံ သံအမတ်ကြီးကို မြန်မာဘက်က ခေါ်ယူဆွေးနွေးတာဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၁ ရက်နေ့ကတည်းက အပစ်ရပ်ကြောင်း ကြေညာထားပေမဲ့ တိုက်ပွဲတွေ ကြိုးကြားကြိုးကြား ဆက်ဖြစ်နေပြီးစစ်ကောင်စီအပေါ်မှာရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပေါ်မှာပါ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုဟာ အကန့်အသတ်ရှိနေတယ်ဆိုပြီး မြန်မာ့အရေး လေ့လာသူတချို့က သုံးသပ်ကြပါတယ်။

ထိုင်းနိုင်ငံကတော့ မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီပေးရေး ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံအကြား ဖွဲ့စည်းထားတဲ့ အထူးလုပ်ငန်းအဖွဲ့ကနေ ပူးပေါင်းလုပ်ဆောင်ဖို့ အသေးစိတ် အစီအစဉ်တွေ အဆိုပြုနေပါတယ်။

လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ ဖြန့်ဖြူးရေးကိစ္စတွေမှာ လက်တွေလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ နယ်စပ်က တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်းနေချိန်မှာ ထိုင်းဘက်က မြန်မာဘက်က ကိုယ်စားလှယ်တွေကို ဒီသီတင်းပတ်အတွင်း ဘန်ကောက်မြို့ကို ဖိတ်ကြားခဲ့တဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာရေးပါတယ်။ ထိုင်းနိုင်ငံရဲ့ မြန်မာ့အရေး ချဉ်းကပ်မှုတွေကို ဒေသတွင်း အကဲခတ်တွေနဲ့ နိုင်ငံတကာက သတိထားစောင့်ကြည့်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG