သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို စာနာမှုအကူအညီ ယူရို ၁၉ သန်း အီးယူ ပေးမည် 


ဆီဆိုင်မြို့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူများ (ဇန်နဝါရီ ၂၀၂၄)
ဆီဆိုင်မြို့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူများ (ဇန်နဝါရီ ၂၀၂၄)

မြန်မာနိုင်ငံနေရာတော်တော်များများမှာ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် အရေးပေါ် လိုအပ်နေသူတွေအတွက် စာနာမှုအကူအညီအဖြစ် ယူရို ၁၉ သန်း ပေးအပ်မဲ့အကြောင်း ဥရောပသမဂ္ဂ (EU) က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ အကူအညီတွေကို ပြီးခဲ့တဲ့နှစ်ထဲ နေရပ်စွန့်ခွာကြရတဲ့ လူပေါင်း ၂ သန်း ၆ သိန်းနဲ့ ပဋိပက္ခတွေကြောင့် နစ်နာရသူတွေအတွက် သုံးစွဲမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

စားနပ်ရိက္ခာ၊ အရေးပေါ်ခိုလှုံစရာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနဲ့မိလ္လာ စတာတွေအပြင်၊ မြေမြှုပ်မိုင်းလို အန္တရာယ်က အကာအကွယ်ပေးရမဲ့ ကိစ္စတွေမှာ သုံးစွဲမှာ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေ ပိတ်ထားရပြီး၊ ပဋိပက္ခတွေကြောင့် ပညာမသင်နိုင်ဖြစ်နေရတဲ့ မြန်မာနိုင်ငံမှာ ကျောင်းနေအရွယ် ကလေးတွေရဲ့ ၃ ပုံ ၁ ပုံလောက်သာ ပညာသင်ယူခွင့် မရတာကြောင့် ယူရို ၂ သန်းကို အရေးပေါ် ပညာရေးစရိတ်အဖြစ် သုံးစွဲမှာပါ။ အကူအညီတွေကိုတော့ ကုလသမဂ္ဂ အေဂျင်စီတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် ပေးအပ်သွားမယ်လို့လည်း EU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG