သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်ဒဏ် ၁၂ နှစ်ချခံထားရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak ကို ပြစ်ဒဏ် တဝက်လျှော့ချ


မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak
မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak

မလေးရှားနိုင်ငံမှာ အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ၁၂ နှစ်ချခံထားရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak ကို လွတ်ငြိမ်းသက်သာခွင့်ဆိုင်ရာဘုတ်အဖွဲ့က ထောင်ဒဏ် တဝက်လျှော့ချပေးလိုက်ပါတယ်။ ငွေဒဏ်ကိုလည်း သိသိသာသာ လျှော့ပေါ့ပေးလိုက်ပါတယ်။

မလေးရှားအစိုးရဘဏ္ဍာငွေတွေနဲ့ တည်ထောင်ခဲ့တဲ့ 1MDB ဖွံ့ဖြိုးရေးရန်ပုံငွေတွေထဲက ဒေါ်လာသန်း ရာနဲ့ချီကို သူ့အိတ်ထဲထည့်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Najib Razak ဟာ ၂၀၂၂ August လမှာစပြီး ထောင်ဒဏ်ကျခံနေရပါတယ်။ အခုလိုထောင်ဒဏ် ထက်ဝက်လျော့သွားတဲ့အတွက် သူဟာ ၂၀၂၈ ခုနှစ်မှာ ပြန်လွတ်လာတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ငွေဒဏ် Ringgit သန်း ၂၁၀ ကိုလည်း ဒေါ်လာ ၁၁ သန်းလောက်နဲ့ညီမျှတဲ့ Ringgit သန်း ၅၀ အထိ လျှော့ချပေးလိုက်ပါတယ်။ မလေးရှားဘုရင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ လွတ်ငြိမ်းသက်သာခွင့်ဆိုင်ရာဘုတ်အဖွဲ့က ဘာကြောင့် ခုလိုပြစ်ဒဏ်တွေ လျှော့ချပေးလိုက်သလဲဆိုတာ မပြောပေမဲ့ ဒဏ်ငွေတွေကို မပေးဆောင်ရင် ထောင်ဒဏ်တိုးမှာဖြစ်တယ်လို့ ဘုတ်အဖွဲ့ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

၂၀၀၉ ခုနှစ်က Najib Razak ဝန်ကြီးချုပ်ဖြစ်လာပြီး မကြာခင်တည်ထောင်ခဲ့တဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ 1MDB ရန်ပုံငွေတွေထဲက ဒေါ်လာ ၄ ဘီလျံခွဲလောက် အခိုးခံရတယ်လို့ မလေးရှားနဲ့ အမေရိကန်စုံစမ်းစစ်ဆေးရေးမှူးတွေက စုံစမ်းတွေ့ရှိခဲ့ပါတယ်။ ဒေါ်လာသန်း ၇၀၀ ကျော် ဝန်ကြီးချုပ်ဟောင်း Najib နဲ့ဆက်နွယ်နေတဲ့ ဘဏ်စာရင်းတွေထဲ ရောက်သွားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG