သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်ကျနေတဲ့ မလေးဝန်ကြီးချုပ်ဟောင်းရဲ့ အယူခံအားလုံးပယ်ချခံရ 


ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ခ် ကို မလေးရှားနိုင်ငံ ကွာလမ်လမ်ပူရှိ ဖက်ဒရယ်တရားရုံးမှာတွေ့ရစဉ် (ဧပြီ ၃၊ ၂၀၁၉)
ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ခ် ကို မလေးရှားနိုင်ငံ ကွာလမ်လမ်ပူရှိ ဖက်ဒရယ်တရားရုံးမှာတွေ့ရစဉ် (ဧပြီ ၃၊ ၂၀၁၉)

မလေးရှားနိုင်ငံ ဘဏ္ဍာငွေနဲ့ ထူထောင်ခဲ့တဲ့ 1MDB ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးရဲ့ ဒေါ်လာ ဘီလျံနဲ့ချီ အလွဲသုံးစားမှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်ခ်(Najib Razak) ရဲ့အယူခံကို မလေးရှားရဲ့ အမြင့်ဆုံး ဖက်ဒရယ်တရားရုံးက ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်ဟောင်းအနေနဲ့ ဥပဒေကြောင်းကနေ အယူခံဝင်နိုင်တဲ့ နည်းလမ်းမရှိတော့ဘဲ ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့်ကိုသာ မျှော်လင့်နိုင်ပါတော့တယ်။

သူ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေတဲ့ ပထမနှစ် ၂၀၀၉ ခုနှစ်အတွင်း သူ ပူးတွဲတည်ထောင်ခဲ့တဲ့ 1MDB ဘဏ်ကနေ ဒေါ်လာ ၄.၅ ဘီလျံလောက် ခိုးယူခံခဲ့ရတယ်လို့ အမေရိကန်နဲ့ မလေးရှား စုံးစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။ ခိုးယူထားတဲ့ ထဲက ၁ ဘီလျံကျော်ကတော့ Razak နဲ့ ဆက်စပ်တဲ့ အကောင့်တွေထဲ ရောက်သွားတာတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

ယုံကြညမှုအလွဲသုံးစားလုပ်မှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ 1MDB ရဲ့ လုပ်ငန်းတခုဖြစ်တဲ့ SRC International ကနေ တရားမဝင်ရရှိတဲ့ ဒေါ်လာ ၁၀ သန်းကို ငွေမည်းခဝါချမှု၊ တို့နဲ့ အပြစ်ရှိတယ်လို့ တရားရုံးချုပ်က ၂၀၂၀ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် ၁၂ နှစ်ချခဲ့ပါတယ်။ အဲဒီအမှုအားလုံးအတွက် အယူခံအားလုံး ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်ခ်ဟာ ၂၀၁၃ ခုနှစ်တုန်းက သူ့ဘဏ်စာရင်းထဲရောက်လာတဲ့ ဒေါ်လာ သန်း ၆၈၀ ကျော်ဟာ ခိုးယူထားတဲ့ နိုင်ငံတော် ဘဏ္ဍာတွေဆိုတာ မသိခဲ့ဘဲ ဆော်ဒီတော်ဝင်မိသားစုက လှူဒါန်းတဲ့ငွေတွေဖြစ်တယ်လို့ သူ့ရဲ့ ရှေ့နေတွေဘက်ကချေပပါတယ်။ အဲဒီငွေထဲက ဒေါ်လာ သန်း ၆၂၀ ကျော်ကို လှူဒါန်းသူဆီ ပြန်ပေးခဲ့တယ်လို့လည်း ပြောခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG