သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ယာဉ်မတော်တဆမှု မြန်မာတချို့သေဆုံး


CAR ACCIDENT THAILAND/ Photo: C J
CAR ACCIDENT THAILAND/ Photo: C J

ထိုင်း ယာဉ်မတော်တဆမှု မြန်မာတချို့သေဆုံး

ထိုင်းတောင်ပိုင်း ပရာကျွတ် ခီရီကန်ခရိုင် ဟေွးစပ်ယိုင်ရပ်၊ ဟွာဟင်မြို့နယ်ထဲမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကနေ ပြန်လာတဲ့ ကားတစီး မတော်တဆမှုကြောင့် အနည်းဆုံးမြန်မာ ၃ ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၁၁ ယောက် ပြင်းထန်တဲ့ ဒဏ်ရာတွေရခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ထိုင်းတောင်ပိုင်းပရာကျွတ်ခီရီကန်ခရိုင် ဟေွးစပ်ယိုင်ရပ်၊ ဟွာဟင်မြို့နယ်ထဲမှာဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ ပြန်လာတဲ့မြန်မာ၁၁ဦး ထိုင်း ၄ဦးပါတဲ့ကားတစီးဟာ လမ်းဘေးသစ်ပင်ကို ဝင်တိုက်ပြီး ယာဉ်မတော်တဆမူ့ဖြစ်ခဲ့တာပါ၊ ဒီယာဉ်တိုက်မူ့မှာ ၄ဦးသေဆုံးခဲ့တယ်လို့ မြန်မာအလုပ်သမားရေးလှုပ်ရှားသူဦးမိုးကြိုးကအခုလိုပြောပါတယ်အသံ(၁)

((ဟွာဟင်ပင်လယ်ကမ်းခြေပမ်းဖြေစခန်းရှိတဲ့မြို့နယ်ထဲမှာ ဇန်နဝါရီလ ၃၁ရက်နေ့ကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက

ပြန်လာတဲ့မော်တော်ယဉ်မတော်တဆဖြစ်တာဖြစ်ပါတယ်၊အဲဒီမော်တော်ယဉ်က လမ်းဘေးသစ်ပင်ကိုဝင်တိုက်တယ် အဲဒီကားမှာထိုင်းကော မြန်မာကော ၁၅ယော က်လိုက်ပါပါတယ်၊အလုပ်သမားတွေပေါ့ ၊အများစုကမြန်မာတွေပေါ့ အဲဒီဖြစ်စဉ်မှာမြန်မာက ၁၁ဦးပါတယ်၊ထိုင်းက ၄ယောက်ပါတယ်၊အဲဒီဖြစ်စဉ်မှာ ၄ယောက်သေတယ် ၁၁ဦးက ဒဏ်ရာရတယ်၊ဒါက ၂၀၂၄ နှစ်စမှာပဲမြန်မာတွေပါတဲ့ ယဉ်မတော်တဆမူ့က၄ကြိမ်မြောက်ဖြစ်ပါတယ်))

လိုက်ပါလာတဲ့သူအများစုကတော့ကရင်လူမျိုးတွေကဖြစ်တယ်လို့ဆိုပါတယ် ။ ဒီလိုယာဉ်မတော်တဆတိုက်မူ့တွေကြောင့် ပြီးခဲ့တဲ့နှစ်ထဲမှာတော့ မြန်မာ ၂၀ကျော်သေဆုံးပြီး ၉၀လောက်ဒဏ်ရာတွေရခဲ့တယ်လို့လည်းပြောပါတယ်အသံ(၂)

((ပြီးခဲ့တဲ့နှစ် ၂၀၂၃ခုနှစ်ထဲမှာတော့ မြန်မာ၉၀ ဝန်းကျင်လောက်ဒဏ်ရာရတယ်))

အခုဖြစ်ရပ်မှာတော့ စိုးရိမ်ရတဲ့လူနာတွေလည်းရှိနေပြီး သေဆုံးထဲက အနည်းဆုံး ၃ဦးဟာမြန်မာတွေ ဖြစ်တယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်ရှင်

XS
SM
MD
LG