သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ အိန္ဒိယ ရွေးကောက်ပွဲ


ယခင်မှတ်တမ်းရုပ်ပုံ | အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တော် မဲရုံတခုမှာ မဲပေးဖို့ တန်းစီနေကြသူများ (အောက်တိုဘာ ၂၁၊ ၂၀၁၉)
ယခင်မှတ်တမ်းရုပ်ပုံ | အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တော် မဲရုံတခုမှာ မဲပေးဖို့ တန်းစီနေကြသူများ (အောက်တိုဘာ ၂၁၊ ၂၀၁၉)

မြို့တော်- နယူးဒေလီ
လူဦးရေ- သန်း ၁,၄၃၀
၂၀၂၂ စုစုပေါင်းပြည်တွင်းထုတ်ကုန်- ဒေါ်လာ ၃.၃၈၅ ထွီလျံ

အိန္ဒိယနိုင်ငံမှာ လူနည်းစုဘာသာရေးတွေအပေါ် နှိပ်ကွပ်မှုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကြုံနေရတယ်လို့ ဝန်ကြီးချုပ် နရိန်ဒြာမိုဒီနဲ့ သူ့ရဲ့ အာဏာရ ဘာရာတီယာ ဂျနတာပါတီကို ဝေဖန်သူတွေက ပြောပါတယ်။ မိုဒီရဲ့ ဟိန္ဒူ အမျိုးသားရေးမူဝါဒက အရှိန်ရနေပြီး ပန်ချာပီတွေနဲ့ မွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှုတွေက ပိုများလာတာပါ။

ဝေဖန်ခံရတာတွေက ပြည်တွင်းတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ မိုဒီအစိုးရဟာ မနှစ်ကနွေမှာ ကနေဒါနိုင်ငံ၊ တိုရန်တိုးမြို့က ပန်ချာပီတဦးကို လုပ်ကြံမှုနဲ့ စွပ်စွဲခံရသလို၊ နိုဝင်ဘာလမှာတော့ အမေရိကန် နယူးယောက်မြို့က နောက်ထပ် ပန်ချာပီ တက်ကြွလှုပ်ရှားသူတဦးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဒီအမှုတွေကြောင့် အနောက်နိုင်ငံတွေနဲ့ အိန္ဒိယဆက်ဆံရေး လှုပ်ခတ်ခဲ့ရပါတယ်။

ဒါတောင်မှ အိန္ဒိယရော၊ အမေရိကန်ရောက သူတို့ကြားက ဆက်နွယ်မှုကို အပျက်ခံမှာမဟုတ်ဘူးလို့ အမေရိကန်လက်ထောက်ကာကွယ်ရေးဝန်ကြီး ဂျိုးဇက်ဖ်နိုင်က ခန့်မှန်းပြပါတယ်။ သူတို့ ၂ နိုင်ငံကို စုစည်းပေးထားတဲ့အရာက တရုတ်ဩဇာ ကမ္ဘာမှာမြင့်လာတာပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ကမ္ဘာမှာ အကြီးဆုံးဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့အလျှောက် ဒေသတွင်းမှာ သူက တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ တဘက်က ပြန်ထိန်းညှိပေးတဲ့နိုင်ငံဆိုတာ အခိုင်အမာ ပြသထားပြီးသားပါ။

အမေရိကန်မှာ ဘိုင်ဒန်ပဲ ဖြစ်ဖြစ်၊ ထရမ့်ပဲ ဖြစ်ဖြစ် အုပ်ချုပ်ပါစေ “အိန္ဒိယနဲ့ ဆက်ဆံရေး မတည်မငြိမ်ဖြစ်အောင် အမေရိကန်ကလုပ်မယ်လို့ ကျွန်တော်တော့ မထင်ဘူး” လို့ မစ္စတာနိုင်က ပြောပါတယ်။ သမ္မတမိုဒီအစိုးရ ရံဖန်ရံခါ အာဏာရှင်ပုံစံမျိုးဖြစ်သွားရင်တောင် အာရှဒေသမှာ ဒီမိုကရေစီပိုဖွံ့ဖြိုးဖို့ အိန္ဒိယနဲ့ နီးနီကပ်ကပ်ဆက်ဆံရေးက မရှိမဖြစ်အရေးကြီးတယ်ဆိုတာ သမ္မတ ၂ ဦးလုံးက နားလည်သဘောပေါက်ထားပါတယ်။

အိန္ဒိယက မောနင်းကွန်ဆဲ့လ်စစ်တမ်းကောက်ယူချက်အရ သမ္မတမိုဒီက ပြည်သူထောက်ခံမှု ၇၇% နဲ့ မိုးထိုးနေပြီး ဧပြီလမှာ မဲတွေစပေးတဲ့အခါ သမ္မတမိုဒီ တတိယမြောက် ၅ နှစ်သက်တမ်းအတွက် အရွေးခံရဖို့ အဓိက နေရာမှာ ရှိပါတယ်။ သူသာ အနိုင်ရမယ်ဆိုရင် သူဝန်ကြီးချုပ်အဖြစ် ၁၀ နှစ်နီးပါး တာဝန်ထမ်းခဲ့စဉ်ကာလတလျှောက် ဘိုင်ဒန်၊ ထရမ့် ၂ ယောက်လုံးနဲ့ တည်ဆောက်ခဲ့တဲ့ ဆက်ဆံရေးကို ထပ်ပြီးခိုင်မာအောင်လုပ်မယ်လို့ ယူဆရပါတယ်။

XS
SM
MD
LG