သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားဖွယ် ဟိန္ဒူဘုရားကျောင်းသစ် အိန္ဒိယဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ် 


အိန္ဒိယနိုင်ငံ အယုဒ္ဓရမြို့က သမိုင်းဝင် မွတ်ဆလင်ဗလီ တည်ရှိခဲ့တဲ့ နေရာမှာ တည်ဆောက်ထားတဲ့ ဟိန္ဒူဘုရားကျောင်းသစ် (ဇန်နဝါရီ ၂၂၊ ၂၀၂၄)
အိန္ဒိယနိုင်ငံ အယုဒ္ဓရမြို့က သမိုင်းဝင် မွတ်ဆလင်ဗလီ တည်ရှိခဲ့တဲ့ နေရာမှာ တည်ဆောက်ထားတဲ့ ဟိန္ဒူဘုရားကျောင်းသစ် (ဇန်နဝါရီ ၂၂၊ ၂၀၂၄)

အိန္ဒိယနိုင်ငံ အယုဒ္ဓရမြို့က သမိုင်းဝင် မွတ်ဆလင်ဗလီ တည်ရှိခဲ့တဲ့ နေရာမှာ တည်ဆောက်ထားတဲ့ ဟိန္ဒူဘုရားကျောင်းသစ်ကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဒီကနေ့ ဖွင့်လှစ်ပေးလိုက်ပါတယ်။ ဟိန္ဒူဘာသာဝင်တွေယုံကြည်ကိုးကွယ်ရာ ရာမဘုရား အတွက် ရည်စူးဆောက်လုပ်တဲ့ ဘုရားကျောင်းကို လာမယ့်ရွေးကောက်ပွဲ ဟိန္ဒူမဲဆန္ဒရှင်တွေကို ဆွဲဆောင်ဖို့ ရည်ရွယ်တဲ့ အနေနဲ့ ဝန်ကြီးချုပ် Modi ကိုယ်တိုင်ဖွင့်လှစ်ခဲ့တာပါ။

အိန္ဒိယနိုင်ငံ အယုဒ္ဓရမြို့က သမိုင်းဝင် မွတ်ဆလင်ဗလီ တည်ရှိခဲ့တဲ့ နေရာမှာ တည်ဆောက်ထားတဲ့ ဟိန္ဒူဘုရားကျောင်းသစ်ကို တက်ရောက်ဖွင့်လှစ်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi (ဇန်နဝါရီ ၂၂၊ ၂၀၂၄)
အိန္ဒိယနိုင်ငံ အယုဒ္ဓရမြို့က သမိုင်းဝင် မွတ်ဆလင်ဗလီ တည်ရှိခဲ့တဲ့ နေရာမှာ တည်ဆောက်ထားတဲ့ ဟိန္ဒူဘုရားကျောင်းသစ်ကို တက်ရောက်ဖွင့်လှစ်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi (ဇန်နဝါရီ ၂၂၊ ၂၀၂၄)

ရိုးရာဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဝန်ကြီးချုပ် Modi ကိုယ်တိုင်တက်ရောက်တဲ့ ဒီဘုရားကျောင်းဖွင့်ပွဲကို ဟိန္ဒူဘုန်းတော်ကြီးတွေက ဦးဆောင်ကျင်းပပါတယ်။ ဆောက်လက်စ ဒီဘုရားကျောင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကပဲ အမြင့် ၄ပေကျော်ရှိတဲ့ ရာမဘုရားရုပ်ထုကို ပူဇော်နေရာချခဲ့တာပါ။ ဓမ္မသီချင်းတွေသီဆို၊ ပန်းတွေကြဲဖြန့်ပြီး ကျင်းပခဲ့တဲ့ ဒီဘုရားကျောင်းဖွင့်ပွဲကို ထိပ်တန်းစက်မှုလုပ်ငန်းရှင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ အပါအဝင် လူပေါင်း ၇,၅၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။ ဒီကနေ့ ကျင်းပခဲ့တဲ့ အခမ်းအနားဟာ သူ ဟိန္ဒူအမျိုးသားရေးဝါဒီ ဝန်ကြီးချုပ် Modi ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး စတင်မှုအဖြစ်လည်း လေ့လာသုံးသပ်သူတွေက ရှုမြင်ကြပါတယ်။

ဘုရားကျောင်းသစ် တည်ဆောက်တဲ့ နေရာမှာ ရှိခဲ့ဖူးတဲ့ ၁၆ ရာစုခေတ် ဗလီကို ၁၉၉၂ မှာ ဟိန္ဒူတွေက ဖြိုချခဲ့ရာမှာ ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်ပွားပြီး မွတ်ဆလင်အများစု အပါအဝင် လူ ၂၀၀၀ လောက် သေဆုံးခဲ့ဖူးပါတယ်။

(ရာမနတ်ဘုရား အသုံးအနှုန်းအား ရာမဘုရားဟု ပြင်ဆင်ထားပါသည်။)

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG