သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပိုင်နက်မြေပုံ အိန္ဒိယ ပြင်းပြင်းထန်ထန် ကန့်ကွက်


AP Explains India China Military Standoff
AP Explains India China Military Standoff

သူပိုင်လို့ အိန္ဒိယကပြောတဲ့နယ်မြေကို တရုတ်မြေပုံထဲမှာထည့်ထားတဲ့အတွက် တရုတ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ကြောင်း အိန္ဒိယက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၀ တုန်းက အိန္ဒိယနဲ့တရုတ်တိုက်ပွဲဖြစ်ပွါးခဲ့တဲ့နေရာ နားက နယ်မြေကိုပါ တရုတ်က မြေပုံထဲမှာ သူပိုင်အဖြစ်ထည့်ထားတယ်လို့ အိန္ဒိယက ဆိုပါတယ်။

“၂၀၂၃ ခုနှစ် တရုတ်ရဲ့"စံထားမြေပုံ" လို့ ခေါ်တဲ့မြေပုံထဲမှာ အိန္ဒိယရဲ့နယ်မြေတွေ ကို ထည့်ထားတာအပေါ် သံတမန်လမ်းကြောင်းကနေ ဒီကနေ့ ကျနော်တို့ ပြင်းပြင်းထန်ထန် တရုတ်ကို ကန့်ကွက်လိုက်ပါတယ်” လို့ အိန္ဒိယနိုင်ငံခြားရေး ဌာန ပြော‌ရေးဆိုခွင့်ရှိသူ Arindam Bagchi က ထုတ်ပြန်ချက်မှာ ပြောပါတယ်။ အဲဒီလို တရုတ်ဘက်က လုပ်ဆောင်တာက နယ်စပ်အဖြေရဖို့ ပိုပြီး ရှုပ်ထွေးသွားစေပါတယ်လို့လည်း သူက ဆိုပါတယ်။

အိန္ဒိယနဲ့တရုတ်နယ်စပ်ဟာ မိုင် ၂,၂၀၀ ရှည်လျားပြီး တရုတ်က စစ်အားမာန် သုံးလာတာကြောင့် အိန္ဒိယက သတိထားနေရတာပါ။ ဂလိုဘယ် တိုင်းမ်း (Global Times) သတင်းစာမှာဖော်ပြတဲ့ တရုတ်မြေပုံထဲကနယ်မြေ ၂ ခုဟာ အိန္ဒိယပိုင် ဖြစ်တယ်လို့ အိန္ဒိယအစိုးရက ဆိုပါတယ်။ တခုကတော့ အိန္ဒိယအရှေ့မြောက်ဘက် အရူနာချဲလ် ပရာဒက်ရှ် (Arunachal Pradesh) ပြည်နယ်ထဲမှာရှိတဲ့ နယ်မြေဖြစ်ပါတယ်။ တရုတ်က တိဘက်ရဲ့နယ်မြေအဖြစ် ဖော်ပြပါတယ်။ ဒီနေရာမှာ တရုတ်နဲ့ အိန္ဒိယတို့ ၁၉၆၂ ခုနှစ်တုန်းက နယ်စပ်စစ်ပွဲကြီး ဖြစ်ခဲ့တာပါ။ ဒုတိယနယ်မြေကတော့ အက်ဆိုင်ချင်း Aksai Chin နယ်မြေဖြစ်ပါတယ်။ တိဘက်နဲ့တရုတ် အနောက်ပိုင်းကိုဆက်ထားတဲ့ မြင့်မားတဲ့ မဟာဗျူဟာကျ တောင်တန်းဒေသဖြစ်ပါတယ်။

၂၀၂၀ တုန်းက ဒီနေရာရဲ့ ဂယ်လ်ဝမ်မြစ် Galwan river ချိုင့်ဝှမ်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီး အိန္ဒိယစစ်သား ၂၀ နဲ့ တရုတ်စစ်သား အနည်းဆုံး ၄ ယောက် ကျဆုံးခဲ့ကြရတာပါ။ နှစ်နိုင်ငံ စစ်ဘက် ထိပ်တန်းအရာရှိကြီးတွေဟာ အစည်းအဝေး ၁၉ ကြိမ် ထိုင်ခဲ့ကြပေမဲ့လည်း အဲဒီကတည်းကစလို့ ဒီနေရာတွေမှာ စစ်သားတွေ သောင်းချီ ချထားဆဲပါပဲ။ တောင်အာဖရိက၊ ဘရစ်ခ် BRICS ထိပ်သီးညီလာခံမှာ အိန္ဒိယ ဝန်ကြီးချုပ် နရိန်ဒြာ မိုဒီ (Narendra Modi) နဲ့ တရုတ်သမ္မတ ရှီကျင်းပင် (Xi Jinping) တို့ လူချင်းတွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရက်အတော်ကြာမှာ ခု ကန့်ကွက်ချက်က ဖြစ်ပေါ်လာရတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG