သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ အိန္ဒိယ နယ်စပ်ကိစ္စသဘောထားကွဲ 

Shanghai ပူးပေါင်းဆောင်ရွက်ရေး SCO အဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီးတွေတွေ့ဆုံပွဲ သီးခြားအစည်းအဝေးအတွင်းတွေ့ရတဲ့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath Singh နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu (နယူးဒေလီ၊ အိန္ဒိယ) ဧပြီ ၂၇၊ ၂၀၂၃
Shanghai ပူးပေါင်းဆောင်ရွက်ရေး SCO အဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီးတွေတွေ့ဆုံပွဲ သီးခြားအစည်းအဝေးအတွင်းတွေ့ရတဲ့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath Singh နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu (နယူးဒေလီ၊ အိန္ဒိယ) ဧပြီ ၂၇၊ ၂၀၂၃

တရုတ်၊ ရုရှားတို့ပါဝင်တဲ့ Shanghai ပူးပေါင်းဆောင်ရွက်ရေး SCO အဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီးတွေ ဒီနေ့ အိန္ဒိယနိုင်ငံ နယူးဒေလီ (New Delhi) မြို့တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီနှစ်ဆွေးနွေးပွဲမှာ အီရန်နဲ့ ဘယ်လာရုစ်နိုင်ငံတို့ကို လေ့လာနိုင်ငံတွေအဖြစ် ထည့်သွင်းခဲ့ပါတယ်။ ဒီဆွေးနွေးပွဲလာတက်တဲ့ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အိန္ဒိယကာကွယ်ရေးဝန်ကြီး သီးခြားစီတွေ့ဆုံခဲ့စဉ်မှာ တရုတ်နဲ့ အိန္ဒိယကြား သဘောထားတွေ ကွဲခဲ့ကြပါတယ်။

၂ နိုင်ငံဆက်ဆံရေးမှာ နယ်စပ် ငြိမ်းချမ်းရေး အရေးပါမှုနဲ့ပါတ်သက်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu နဲ့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath Singh တို့ အငြင်းပွားခဲ့ကြတာဖြစ်ပါတယ်။ နယ်စပ်မှာ တရုတ်စစ်တပ်အများအပြား ဖြန့်ချထားပြီး မူလအတိုင်းရှိခဲ့တဲ့ အခြေအနေပြောင်းလဲအောင် ရန်လိုတဲ့ အပြုအမူတွေ လုပ်ဆောင်နေတာက ၂ နိုင်ငံ သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ အိန္ဒိယဘက်က စွပ်စွဲပါတယ်။ ၂ နိုင်ငံနယ်နိမိတ် အငြင်းပွားနေတဲ့ နယ်စပ် ပြန်လည်တည်ငြိမ်ရေးဟာ ၂ နိုင်ငံဆက်ဆံရေးတိုးတက်ဖို့ အဓိကဖြစ်တယ်လို့ အိန္ဒိယဘက်က ဆွေးနွေးပွဲအပြီး ကြေညာချက်ထုတ်ပြန်ပါတယ်။

တရုတ်ဘက်ကတော့ နယ်စပ်အခြေအနေ တော်တော်လေး တည်ငြိမ်နေပြီလို့ဆိုပြီး ၂ ဘက်လုံးအနေနဲ့ ရေရှည်အမြင်နဲ့ ကြည့်သင့်ပြီး ၂ နိုင်ငံဆက်ဆံရေးမှာ နယ်စပ်ကိစ္စကို သင့်တော်တဲ့ နေရာမှာ ထားသင့်တယ်လို့ သီးခြား ကြေညာချက်ထုတ်ပြန်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က အိန္ဒိယအုပ်ချုပ်တဲ့ Ladakh ဒေသမှာ စစ်ရေးပဋိပက္ခဖြစ်ခဲ့စဉ်က အိန္ဒိယစစ်သား အယောက် ၂၀ သေဆုံးခဲ့သလို တရုတ်နိုင်ငံသား ၄ ယောက် သေဆုံးခဲ့ပါတယ်။

တရုတ်နဲ့ အိန္ဒိယ နယ်စပ်ကိစ္စသဘောထားကွဲ
please wait

No media source currently available

0:00 0:00:23 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG