သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခဖြစ်ခဲ့တဲ့ ဟိမဝန္တာဒေသက တရုတ်နဲ့ အိန္ဒိယတပ်တွေ ပြန်ဆုတ်ကြပြီ


တင်းမာမှုရှိတဲ့ အိန္ဒိယနဲ့ တရုတ်နယ်စပ်ဒေသ
တင်းမာမှုရှိတဲ့ အိန္ဒိယနဲ့ တရုတ်နယ်စပ်ဒေသ

[ ZAWGYI ]

တင်းမာမှုတွေ တောက်လျှောက်ရှိလာခဲ့တဲ့ အိန္ဒိယနဲ့ တရုတ်နယ်စပ်က အနောက်ဘက် ဟိမဝန္တာဒေသ ရေကန်ကြီးတဝိုက် ဖြန့်ချထားတဲ့ တပ်တွေအားလုံးကို တရုတ်ရော အိန္ဒိယဘက်ကပါ ပြန်ရုပ်သိမ်းလိုက်ကြပြီလို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ထောင်ချီတဲ့ နှစ်ဖက်တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့နှစ် ဧပြီလကစလို့ LAC ခေါ် နှစ်ဖက်တပ်တွေ အမှန်တကယ် စွဲထားနိုင်တဲ့ နယ်ခြားမျည်းကြောင်းတလျှောက် ဟိုဘက်ဒီဘက် ရင်ဆိုင် တင်းမာနေခဲ့ကြပြီး နိုင်ငံနှစ်ဖက်စလုံး ခွပြီးရှိနေတဲ့ Pangong Tso ရေကန်ကြီးတဝိုက်မှာလည်း တပ်ချခဲ့တာပါ။

ဒါပေမယ့်လည်း နှစ်ဖက်တပ်မှူးတွေက ဒီလအစောပိုင်းမှာ သူတို့ တပ်ဖွဲ့ဝင်တချို့ တင့်ကားနဲ့ အမြောက်တပ်တွေကို ပထမအဆင့်အနေနဲ့ ပြန်ဆုတ်ခိုင်းခဲ့ပြီးနောက် အခုလို တပ်တွေအားလုံး ပြန်ဆုတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီလို တပ်တွေ ပြန်ဆုတ်တဲ့ကိစ္စကို ပြန်လည်သုံးသပ်တဲ့အနေနဲ့ နှစ်ဖက်တပ်မှူးတွေ စနေနေ့က တွေ့ဆုံခဲ့ကြပါတယ်။

အိန္ဒိယဘက်ခြမ်း Ladakh ဒေသဘက်မှာရော တရုတ်ဘက်က Aksai Chin ကုန်းမြင့်ဒေသမှာပါ တပ်တွေစွဲထားချိန်တုန်းက နှစ်နိုင်ငံ ပဋိပက္ခ ပိုကြီးထွားလာမှာကို စိုးရိမ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ဇွန်လထဲ Galwan ချိုင့်ဝှမ်းဒေသမှာ ပထမဆုံးဖြစ်ခဲ့တဲ့ နှစ်ဖက်တပ်တွေရဲ့ ထိပ်တိုက် ပဋိပက္ခအတွင်း အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့ပြီးနောက် တင်းမာမှုတွေ ပိုမြင့်လာခဲ့တာ ဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ခဲ့တဲ့ ဟိမဝန္တာဒေသက တရုတ်နဲ့ အိန္ဒိယတပ်တွေ ပြန်ဆုတ်ကြပြီ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

-----------------------
[ UNICODE ]

ပဋိပက်ခဖွဈခဲ့တဲ့ ဟိမဝန်တာဒသေက တရုတျနဲ့ အိန်ဒိယတပျတှေ ပွနျဆုတျကွပွီ





XS
SM
MD
LG