သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတ Xi နဲ့ ဘရာဇီးလ်သမ္မတ Da Silva တွေ့ဆုံ


တရုတ်ပြည်ဘေကျင်းမြို့တော်က လူထုခန်းမဆောင်နေရာမှာကျင်းပတဲ့ လက်မှတ်ရေးထိုးပွဲအခမ်းအနားအပြီး ဘရာဇီးသမ္မတ Lula da Silva က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို လက်ဆွဲနှုတ်ဆက်နေစဉ် (ဧပြီ ၁၄၊ ၂၀၂၃)

တရုတ်နိုင်ငံမှာ ဘရာဇီးလ်သမ္မတရောက်နေစဉ် ၂ နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုတွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီနေ့အစောပိုင်းက ဘေဂျင်းမြို့တော်မှာ သမ္မတ Lula Da Silva ကို သမ္မတ Xi Jinping က အခမ်းအနားနဲ့ ကြိုဆိုတွေ့ဆုံခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေး ကြားဝင်စေ့စပ်ဖို့ သမ္မတ Xi ကို သူအကြံပြုမယ်လို့ ဘရာဇီးလ်သမ္မတက အစောပိုင်းက ပြောကြားထားပါတယ်။

တရုတ်ပြည်ဘေကျင်းမြို့တော်က လူထုခန်းမဆောင်နေရာမှာကျင်းပတဲ့ ဘရာဇီးသမ္မတ Lula da Silva ကိုကြိုဆိုပွဲအခမ်းအနား (ဧပြီ ၁၄၊ ၂၀၂၃)
တရုတ်ပြည်ဘေကျင်းမြို့တော်က လူထုခန်းမဆောင်နေရာမှာကျင်းပတဲ့ ဘရာဇီးသမ္မတ Lula da Silva ကိုကြိုဆိုပွဲအခမ်းအနား (ဧပြီ ၁၄၊ ၂၀၂၃)

ဘရာဇီးလ်နိုင်ငံသမ္မတဟောင်း Jair Bolsonaro လက်ထက်မှာ တရုတ်နဲ့အတော်လေး အဆင်မပြေခဲ့တဲ့ ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်အောင် သမ္မတ Da Silva ကကြိုးစားပုံရတဲ့ ခရီးစဉ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဘရာဇီးလ်သမ္မတရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း ၂ ဘက်ဘက သဘောတူစာချုပ် ၂၀ ကျော်လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဘရာဇီးလ်အစိုးရက ပြောပါတယ်။ တရုတ်ဟာ ဘရာဇီးလ်ထွက်ကုန်တွေ အများဆုံး တင်ပို့တဲ့နိုင်ငံဖြစ်ပါတယ်။ ဘရာဇီးလ်ထွက် ပဲပိစပ်၊ အမဲသား၊ သံရိုင်း၊ ကြက်သား၊ ဝါဂွမ်း၊ ရေနံစိမ်းတွေကို တရုတ်နိုင်ငံကို နှစ်စဉ်ဒေါ်လာ ဘီလျံနဲ့ချီတင်ပို့နေတာဖြစ်ပါတယ်။ လက်တင်အမေရိကနိုင်ငံတွေထဲမှာ ဘရာဇီးလ်ဟာ တရုတ်ရဲ့ ရင်းနှီးမြှပ်နှံမှု အများဆုံးဖြစ်တယ်လို့ တရုတ်သတင်းမီဒီယာတွေက ဖော်ပြပါတယ်။

တရုတ်သမ္မတ Xi နဲ့ ဘရာဇီးလ်သမ္မတ Da Silva တွေ့ဆုံ
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG