သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ် အချက်အလက်ဖြန့်ဝေမှု နှောင့်နှေးကြောင်း WHO ပြောကြားချက် တရုတ်ဝေဘန် 


တရုတ်ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန CDC ရဲ့ညွှန်ကြားရေးမှူး Shen Hongbing (ဧပြီ ၈၊ ၂၀၂၃)
တရုတ်ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန CDC ရဲ့ညွှန်ကြားရေးမှူး Shen Hongbing (ဧပြီ ၈၊ ၂၀၂၃)

{{Zawgyi/Unicode}}

တရုတ်ကတွေ့ရှိခဲ့တဲ့ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးစတင်ခဲ့တဲ့မူလဇစ်မြစ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက မျှဝေထုတ်ပြန်သင့်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ပြောဆိုချက်ကို တရုတ်က စနေနေ့တုန်းကပြန်လည် ခုခံကာကွယ်ခဲ့ပါတယ်။

WHO ရဲ့ပြောဆိုချက်ဟာ စိတ်အနှောင့်အယှက်ဖြစ်စရာ စော်ကားပြောဆိုမှုဖြစ်တယ်လို့ တရုတ်ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန CDC ရဲ့ညွှန်ကြားရေးမှူး Shen Hongbing ကပြောတာပါ။

တရုတ်က အသစ်ထုတ်ပြန်ခဲ့တဲ့ ကိုဗစ် ၁၉ စတင်ဖြစ်ပွားတဲ့ ဝူဟန်ဒေသက ဗိုင်းရပ်ပိုးရဲ့မျိုးဗီဇနဲ့ပတ်သက်တဲ့အချက်အလက်တွေကို လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက မျှဝေပေးခဲ့သင့်တယ်လို့ WHO အကြီးအကဲ Tedros Ghebreyesus က မတ်လ ၁၇ ရက်နေ့တုန်းကပြောဆိုခဲ့တာကို တရုတ်က အဲဒီလို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ တရုတ်သုတေသီတွေဟာ တွေ့ရှိတဲ့အချက်အလက်တွေကို ကမ္ဘာအနှံ့က သိပ္ပံညာရှင်တွေထံကို အလျင်အမြန် မျှဝေပေးခဲ့တယ်လို့လည်း တရုတ် CDC ညွှန်ကြားရေးမှူးကပြောပါတယ်။

အခုအချိန်အထိ ကိုဗစ် ၁၉ ဗိုင်းရပ်စ်စတင်ခဲ့တာနဲ့ပတ်သက်လို့ အငြင်းပွားနေဆဲဖြစ်ပြီး နိုင်ငံရေးအရပြောဆိုငြင်းခုံမှုတွေလည်းရှိပါတယ်။

သိပ္ပံပညာရှင်အတော်များများက ဝူဟန်မှာရှိတဲ့ဈေးက တိရိစ္ဆာန်တွေကနေ လူတွေဆီ ကူးဆက်ခဲ့တယ်လို့ ယုံကြည်ကြပေမယ့် တချို့ကလည်း ဝူဟန်မှာရှိတဲ့ တရုတ် ဗိုင်းရပ်စ်သုတေသနကနေ လွတ်ထွက်လာတယ်လို့ ယူဆကြပါတယ်။ တချို့ တရုတ်တာဝန်ရှိသူတွေကတော့ ဒီဗိုင်းရပ်စ်ဟာ အမေရိကားမှာဖန်တီးခဲ့ပြီး တရုတ်ပြည်ကိုခိုးသွင်းလာခဲ့တာလို့ တန်ပြန်စွပ်စွဲပြောဆိုတာတွေလည်းရှိပါတယ်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}







ဆက်စပ်သတင်းများ ...

XS
SM
MD
LG