သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဓါတ်ခွဲခန်းက ကိုဗစ်စနိုင်တယ်လို့ FBI အကြီးအကဲပြော 


အမေရိကန်တရားရေးဌာနမှာကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ FBI ညွှန်ကြားရေးမှူး Christopher Wray (ဇန်နဝါရီ ၂၆၊ ၂၀၂၃)
အမေရိကန်တရားရေးဌာနမှာကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ FBI ညွှန်ကြားရေးမှူး Christopher Wray (ဇန်နဝါရီ ၂၆၊ ၂၀၂၃)

ကိုဗစ်-19 ကပ်ရောဂါဟာ တရုတ်နိုင်ငံ၊ ဝူဟန်ဓါတ်ခွဲခန်းက စတင်ဖြစ်ပေါ်တာဖြစ်နိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေးဗြူရို FBI အကြီးအကဲက ပြောကြားခဲ့တဲ့အပေါ် တရုတ်က ပယ်ချလိုက်ပါတယ်။ ကိုဗစ်ကပ်ရောဂါဟာ ဝူဟန်ဓါတ်ခွဲခန်းကစတာ အများကြီးဖြစ်နိုင်တယ်လို့ FBI အကြီးအကဲ Christopher Wray က ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပြောကြားခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ကိုဗစ်-19 ဘယ်က စတင်ဖြစ်ပေါ်သလဲဆိုတဲ့ ဇစ်မြစ်ကိုလိုက်ရှာပြီး နိုင်ငံရေးအမြတ်ထုတ်နေတာကို ရပ်တန်းကရပ်ဖို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mao Ning က ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ တုံ့ပြန်ပါတယ်။

“အစဉ်အလာအားဖြင့် အမေရိကန်ထောက်လှမ်းရေးအသိုင်းဝိုင်းရဲ့ ရိုးသားမှု မရှိခဲ့တာကိုကြည့်ခြင်းအားဖြင့် အခုလို ကိုဗစ်-19 စတင်ဖြစ်ပေါ်တဲ့ကိစ္စအပေါ် သူတို့ရဲ့ သုံးသပ်ချက်ဟာလည်း ဘယ်လိုမှ ယုံကြည်ရနိုင်လောက်တဲ့ အခြေအနေ မရှိပါဘူး။ အမေရိကန်အနေနဲ့ ကိုဗစ် ဘယ်ကစတင်ဖြစ်ပေါ်တယ်ဆိုတဲ့ကိစ္စအပေါ် နိုင်ငံရေးအရ အသုံးချနေတာကို ရပ်တန့်ပြီး သိပ္ပံနည်းကျ အချက်အလက်တွေကို လက်ခံသင့်ပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mao Ning ကပြောသွားတာပါ။

ဝူဟန်မှာရှိတဲ့ ဓါတ်ခွဲခန်းကနေ ရည်ရွယ်မထားဘဲ ဗိုင်းရပ်စ်ပိုးအပြင်ကို ရောက်သွားရာက ကပ်ရောဂါ ကူးစက်ပျံ့နှံ့ခဲ့တာလို့ အနည်းငယ် ယုံကြည်လို့ရနိုင်ကြောင်း အမေရိကန် စွမ်းအင် ဝန်ကြီးဌာရဲ့ သုံးသပ်ချက်ကို Wall Street Journal သတင်းမှာ တနင်္ဂနွေနေ့က ဖော်ပြခဲ့ပြီးနောက်မှာ FBI အကြီးအကဲကလည်း မနေ့က ထပ်မံပြောကြားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရအေဂျင်စီရဲ့ သုံးသပ်ချက်အသေးစိတ်ကတော့ လျှို့ဝှက်အဆင့်ဖြစ်တာကြောင့် သူ့အနေနဲ့ ထဲထဲဝင်ဝင်ပြောကြားခွင့်မရှိဘူးလို့ အကြီးအကဲ Wray က ပြောပါတယ်။ ဒီကပ်ရောဂါ ဘယ်ကစတင်ဖြစ်ပေါ်တယ်ဆိုတဲ့ ဇစ်မြစ်ကို အမေရိကန်နဲ့ တခြားနိုင်ငံတွေ သိလို့မရနိုင်အောင် တရုတ်အစိုးရက ဖုန်းကွယ်ဖို့ လုပ်ဆောင်ခဲ့တယ်လို့လည်း သူက စွပ်စွဲပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]






XS
SM
MD
LG