သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်အရေး တရုတ်နဲ့ဆွေးနွေးဖို့ မလေးရှားပြင်ဆင်  


မလေးရှားဝန်ကြီးချုပ် Anwar Ibrahim (ဝဲ) နဲ့တရုတ်သမ္မတရှီကျင့်ဖျင် (ယာ) တို့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ တွေ့ဆုံကြစဉ်။ (မတ်လ ၃၁၊၂၀၂၃)  
မလေးရှားဝန်ကြီးချုပ် Anwar Ibrahim (ဝဲ) နဲ့တရုတ်သမ္မတရှီကျင့်ဖျင် (ယာ) တို့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ တွေ့ဆုံကြစဉ်။ (မတ်လ ၃၁၊၂၀၂၃)  

{{Zawgyi/Unicode}}

တောင်တရုတ်ပင်လယ်ပြင် ပိုင်နက်အငြင်းပွါးမှုကိစ္စကို တရုတ်နဲ့ဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က တနင်္လာနေ့ က ပြောကြားလိုက်ပါတယ်။ ဒီကိစ္စကို Anwar နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ ပြီးခဲ့တဲ့အပတ်တွေ့ဆုံရာမှာ ပြောခဲ့ကြတယ်လို့ မလေးရှားနိုင်ငံတော်ပိုင် သတင်းဌာန Bernama က ဆိုပါတယ်။

တရုတ်က တောင်တရုတ်ပင်လယ်ပြင်ထဲက ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိ ကုန်တွေ ဖြတ်သွားနေတဲ့ကုန်သွယ်ရေး ရေကြောင်းလိုင်းတခုလုံးကို သူပိုင်အဖြစ် ကြေညာထားသလို Malaysia, Brunei, the Philippines, Taiwan နဲ့ Vietnam တို့ကလည်း ပိုင်ဆိုင်ကြောင်း ပြောထားကြတာပါ။ တရုတ်ရဲ့ပိုင်ဆိုင်မှုပြောဆိုချက်ကို နိုင်ငံတကာတရားရုံးက ဥပဒေကြောင်းနဲ့မညီဘူးလို့ ဆုံးဖြတ်ထားပါတယ်။ အမေရိကန်ကတော့ ဒါဟာ နိုင်ငံတကာရေပြင်ဖြစ်တယ်ဆိုပြီး ရေကြောင်းလွတ်လပ်ခွင့်အတွက် ရေတပ်သင်္ဘောတွေကို စေလွှတ်လေ့ရှိပါတယ်။

အဲဒီအငြင်းပွါးနေတဲ့ရေပြင်မှာ မလေးရှားနိုင်ငံတော်ပိုင် Petronas ကုမ္ပဏီက သဘာဝဓာတ်ငွေ့တူးနေသလို တခြားစီမံချက်တွေလည်း ရှိနေတာမို့ ဒါကို ဝန်ကြီးချုပ် Anwar Ibrahim က စိတ်ချချင်တာပါ။ Petronas ဓာတ်ငွေ့ ထုတ်လုပ်ရာနေရာနဲ့ တမိုင်ခွဲအကွာအထိ တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောက ပြီးခဲ့တဲ့တလလုံး ရှိနေခဲ့တယ်လို့ အာရှပင်လယ်ရေကြောင်းသွားလာရေး ပွင့်လင်းမြင်သာမှုအဖွဲ့ AMTI က အရင်ပတ်တုန်းက ပြောပါတယ်။

မလေးရှားရေတပ်သင်္ဘောတစ်စီးဟာလည်း အဲဒီအနားမှာရှိနေခဲ့တယ်လို့ AMTI က ဆိုပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်ရပ်ကို တရုတ်ကသတိမထားမိကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က တနင်္လာနေ့က ပြောပါတယ်။ ဒါပေမဲ့ တရုတ်ကမ်းခြေစောင့်တပ်ဟာ တရုတ်ပိုင်နယ်မြေအတွင်းသာ သွားလာကြောင်း သူကဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}






XS
SM
MD
LG