သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား - တရုတ် ဆက်ဆံရေး တိုးမြှင့် 


Anwar Ibrahim
Anwar Ibrahim

{{Zawgyi/Unicode}}

တရုတ်ပြည်မှာရောက်နေတဲ့ မလေးရှားဝန်ကြီးချုပ် အန္နဝါအီဘရာဟင်ကို တရုတ်ဝန်ကြီးချုပ် Li Qiang (လီချန်း) က စနေနေ့တုန်းက ကြိုဆိုဧည့်ခံခဲ့ပါတယ်။

အဲဒိနောက် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး တရုတ်ဝန်ကြီးချုပ်က ပြောဆိုရာမှာ တရုတ်နဲ့မလေးရှားနှစ်နိုင်ငံလုံးဟာ စီးပွားရေးတိုးတက်လာနေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု၊ မူဝါဒတွေအပြန်အလှန် ဆက်စပ်မှုရှိဖို့နဲ့ နှစ်ဘက်အပြန်အလှန် လွတ်လပ်ပွင့်လင်းမှုတွေတိုးမြှင့်ဖို့ဟာ အလွန် အရေးကြီးကြောင်းပြောဆိုခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ် အန္နဝါကလည်း တရုတ်ဟာ မလေးရှားရဲ့ အလွန်အရေးပါကောင်းမွန်တဲ့ မိတ်ဆွေနိုင်ဖြစ်တယ်လို့ ပြောခဲ့ပြီး မလေးရှားအစိုးရသစ်အနေနဲ့ တရုတ်နဲ့မလေးရှားဆက်ဆံရေး တိုးတက်ကောင်းမွန်လာရေးကို အဓိကထားပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် တရုတ်ရဲ့ တရုတ်ပြည်တပြည်တည်းမူဝါဒကို အခိုင်အမာလိုက်နာကြောင်းနဲ့ တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကိုထောက်ခံတယ်လို့လည်း မလေးရှားဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

တရုတ်ဝန်ကြီးချုပ်လီကလည်း အာဆီယံအသင်းရဲ့ အဓိကျမှုနဲ့အရေးပါမှုကို အခိုင် အမာ ဆက်လက်ထောက်ခံအားပေးမှာ ဖြစ်ပြီး တရုတ်နဲ့အာဆီယံတို့ ပိုမို နီးကပ် လာအောင်လုပ်ဆောင်ဖို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် နိုင်ငံပေါင်းစုံဝါဒနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးတိုးလာမှုနဲ့အကျိုးစီးပွားတွေကိုနှစ်နိုင်ငံပူးပေါင်းကာကွယ်ဖို့ကိုလည်း တရုတ်ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

အဲဒိနောက် ဝန်ကြီးချုပ်နှစ်ဦးရှေ့မှောက်မှာပဲ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ လယ်ယာစိုက်ပျိုးရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။

===========

{{Unicode}}







XS
SM
MD
LG